Microsoft က Office Apps အားလုံးကို တစ်နေရာထဲက သုံးနိုင်မယ့် Android App အသစ်ကို ဖြန့်ချိ

Microsoft က Office Apps အားလုံးကို တစ်နေရာထဲက သုံးနိုင်မယ့် Office Beta App ကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီထဲမှာ Word, Excel, PowerPoint နဲ့ တခြား Office Tools တွေ ပါပါတယ်။ အဲဒီ App ရဲ့ နာမည်က Microsoft Office: Word, Excel, PowerPoint & more ဖြစ်ပါတယ်။

App ကနေ သင့်ရဲ့ Android Phone နဲ့ Tablet မှာ Documents တွေ ဖန်တီးတာ၊ Edit လုပ်တာနဲ့ စီမံခန့်ခွဲတာတွေ ပြုလုပ်နိုင်ပါတယ်။ App ကနေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Documents တွေကို အတူတကွ ပြုလုပ်နိုင်ပါတယ်။ Google Sheets , Docs တို့လို အရာတွေ ဖြစ်ပါတယ်။

Photo ကနေ PDF Files အဖြစ် ပြောင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်က အမိုက်စားပါ။ ဒါ့အပြင် Word, Excel , PowerPoint Files တွေကို PDF အဖြစ် ပြောင်းပေးနိုင်ပါတယ်။ သင့်လက်ချောင်းနဲ့ လက်မှတ်ထိုးနိုင်ပြီး လက်မှတ်ကို ပေးပို့နိုင်တာကလည်း လန်းပါတယ်။ Google Play Store မှာ ရယူနိုင်ပါတယ်။ App ဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့အတွက် Bugs တွေများနိုင်ပါတယ်။ ဒါပေမယ့် စာရေးသူ Download Link ထဲ ဝင်ကြည့်တော့ မရပါဘူး။ မြန်မာကနေ မရသေးတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

Microsoft က Office Apps အားလုံးကို တစ်နေရာထဲက သုံးနိုင်မယ့် Android App အသစ်ကို ဖြန့်ချိ

%d bloggers like this: