Realme 3 Pro အတွက် Dark Mode နဲ့ Game Optimization ရပြီ

[Unicode]

Realme က 3 Pro အတွက် Software Update ဖြန့်ချိပေးလိုက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ သိပ်မမိုက်တဲ့ အရာတွေကို ဖယ်ရှားထားပြီး အဆင့်မြှင့်တင်တာတွေ ပြုလုပ်ထားပါတယ်။ အောက်တိုဘာလ အတွက် Security Patch, Dark Mode တွေ ထည့်ထားပါတယ်။ Charging Animation အသစ်နဲ့ SIMs တွေကို လွယ်ကူစွာ ပြောင်းနိုင်အောင် Notification Center မှာ Toggle ထည့်ပေးထားပါတယ်။ Changelog အပြည့်အစုံကို အောက်မှာ ရှိုးပါ။

Security
● Android security patch: October 2019
System
• Added Dark Mode.
● Updated charging animation.
● Added fast switch toggle between SIM in the notification center.
Notification Center and Status Bar
● Removed the reminder when the hotspot is enabled.
● Removed the prompt when the phone is rooted.
● Added option to swipe down on the home screen for global search or notification center.
Settings
● Added Realme Laboratory.
● Added option for notification dots for updates.
Touch
● Updated firmware version to optimize the gaming experience.

ဧပြီလမှာ Realme 3 Pro ကို ကြေညာခဲ့ပါတယ်။ Realme 3 Pro မှာ ၆.၃ လက်မ Full HD+ Screen , Snapdragon 710 Chipset များ ပါပါတယ်။ အနောက်ဘက်မှာ 16MP+5MP Dual Camera များ ထည့်သွင်းထားပါတယ်။ Realme 3 ရဲ့ 13MP Camera ထက် ပိုကောင်းတဲ့ 25MP Selfie Camera ပါပါတယ်။ အနောက်ဘက်မှာလက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

4/64 GB, 6/64 GB, 6/128 GB များ ရွေးချယ်နိုင်ပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android Pie အခြေပြု Color OS 6.0 မောင်းနှင်ထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ Chroma Boost နဲ့ အလင်းရောင် နည်းပါးချိန်များမှာ အလန်းစား ဓါတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ Nightscape Mode များ ပါပါတယ်။ 960fps HD Slo-mo Video များ ရိုက်ကူးပေးနိုင်ပါတယ်။

ဘက်ထရီက 4045mAh ဖြစ်ပါတယ်။ Realme ဟာ OPPO ရဲ့ လက်အောက် ကုမ္ပဏီ ဖြစ်တဲ့ အတွက် OPPO ရဲ့ လျှင်မြန်စွာ အားသွင်းစနစ် VOOC 3.0 ပါလာပါတယ်။ 20W Charger ထည့်ထားပါတယ်။ ဒါပေမယ့် micro USB Port သာ ပါတာက ၂၀၁၉ ခုနှစ်မှာ မဖြစ်သင့်တော့ပါဘူး။ အညို၊ အပြာနဲ့ ခရမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။ 4/64GB ကို ၂၀၀ ဒေါ်လာ နဲ့ 6/128GB ကို ၂၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

[Zawgyi]

Realme 3 Pro အတြက္ Dark Mode နဲ႔ Game Optimization ရၿပီ

Realme က 3 Pro အတြက္ Software Update ျဖန္႔ခ်ိေပးလိုက္ၿပီး စိတ္၀င္စားစရာေကာင္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါလာပါတယ္။ သိပ္မမိုက္တဲ့ အရာေတြကို ဖယ္ရွားထားၿပီး အဆင့္ျမွင့္တင္တာေတြ ျပဳလုပ္ထားပါတယ္။ ေအာက္တိုဘာလ အတြက္ Security Patch, Dark Mode ေတြ ထည့္ထားပါတယ္။ Charging Animation အသစ္နဲ႔ SIMs ေတြကို လြယ္ကူစြာ ေျပာင္းႏုိင္ေအာင္ Notification Center မွာ Toggle ထည့္ေပးထားပါတယ္။ Changelog အျပည့္အစံုကို ေအာက္မွာ ရိႈးပါ။

Security
● Android security patch: October 2019
System
• Added Dark Mode.
● Updated charging animation.
● Added fast switch toggle between SIM in the notification center.
Notification Center and Status Bar
● Removed the reminder when the hotspot is enabled.
● Removed the prompt when the phone is rooted.
● Added option to swipe down on the home screen for global search or notification center.
Settings
● Added Realme Laboratory.
● Added option for notification dots for updates.
Touch
● Updated firmware version to optimize the gaming experience.

ဧၿပီလမွာ Realme 3 Pro ကို ေၾကညာခဲ့ပါတယ္။ Realme 3 Pro မွာ ၆.၃ လက္မ Full HD+ Screen , Snapdragon 710 Chipset မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 16MP+5MP Dual Camera မ်ား ထည့္သြင္းထားပါတယ္။ Realme 3 ရဲ႕ 13MP Camera ထက္ ပိုေကာင္းတဲ့ 25MP Selfie Camera ပါပါတယ္။ အေနာက္ဘက္မွာလက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။

4/64 GB, 6/64 GB, 6/128 GB မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ Android Pie အေျချပဳ Color OS 6.0 ေမာင္းႏွင္ထားပါတယ္။ ၾကည္လင္ျပတ္သားတဲ့ ဓါတ္ပံုမ်ား ရိုက္ကူးေပးႏိုင္တဲ့ Chroma Boost နဲ႔ အလင္းေရာင္ နည္းပါးခ်ိန္မ်ားမွာ အလန္းစား ဓါတ္ပံုမ်ား ရိုက္ကူးေပးႏိုင္တဲ့ Nightscape Mode မ်ား ပါပါတယ္။ 960fps HD Slo-mo Video မ်ား ရိုက္ကူးေပးႏုိင္ပါတယ္။

ဘက္ထရီက 4045mAh ျဖစ္ပါတယ္။ Realme ဟာ OPPO ရဲ႕ လက္ေအာက္ ကုမၸဏီ ျဖစ္တဲ့ အတြက္ OPPO ရဲ႕ လွ်င္ျမန္စြာ အားသြင္းစနစ္ VOOC 3.0 ပါလာပါတယ္။ 20W Charger ထည့္ထားပါတယ္။ ဒါေပမယ့္ micro USB Port သာ ပါတာက ၂၀၁၉ ခုႏွစ္မွာ မျဖစ္သင့္ေတာ့ပါဘူး။ အညိဳ၊ အျပာနဲ႔ ခရမ္းေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 4/64GB ကို ၂၀၀ ေဒၚလာ နဲ႔ 6/128GB ကို ၂၄၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : gsmarena

%d bloggers like this: