Mi TV 5 ရဲ့ ဓါတ်ပုံကို မျှဝေလိုက်တဲ့ Xiaomi

Xiaomi က မနက်ဖြန်မှာ Mi TV 5 , Mi CC9 Pro , Mi Watch နဲ့ တခြား ထုတ်ကုန်အသစ်တွေကို တရုတ်မှာ ကြေညာတော့မှာပါ။ တရားဝင် မကြေညာခင်မှာ အဲဒီ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေကို မျှဝေနေပါတယ်။ အခုလည်း Mi TV 5 ရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။

မျက်နှာပြင်ဘေးဘောင်တွေဟာ Mi TV 4 ထက် ၄၇.၁ ရာခိုင်နှုန်း ပိုပါးလွှာသွားပြီး ၁.၈ မီလီမီတာပဲ ရှိပါတယ်။ ခေတ်စားနေတဲ့ ဘောင်ပျောက်ဒီဇိုင်း ဖြစ်ပါတယ်။ ကိုယ်ထည် အထူက ၅.၉ မီလီမီတာပဲရှိတာက အရမ်းလန်းပါတယ်။
မကြာခင်က Mi TV 5 မှာ 4K QLED Display နဲ့ NTSC 108% Wide Color Gamut ပါမယ်လို့ သတင်းပေးခဲ့ပါတယ်။ Mi TV 5 ရဲ့ ညာဘက်ခြမ်းကို ရိုက်ပြထားတဲ့ ဓါတ်ပုံကိုလည်း ကုမ္ပဏီက မျှဝေထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေနဲ့ ကိုယ်ထည်က အရမ်းကို ပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပြီး အရမ်း မိုက်ပါတယ်။ Mi TV 5 ရဲ့ Key Specs တွေကို ကုမ္ပဏီက မျှဝေထားပါတယ်။ အရင်မျိုးဆက်ထက် ၆၃ ရာခိုင်နှုန်း ပိုမြန်တဲ့ 12nm T972 Chipset မောင်းနှင်ထားမယ်လို့သိရပါတယ်။ 4GB RAM နဲ့ 64GB Storage ပါလာမှာ ဖြစ်ပြီး 8K Video Recording ကို ထောက်ပံ့ထားမှာပါ။

Ref : gizmochina

Mi TV 5 ရဲ့ ဓါတ်ပုံကို မျှဝေလိုက်တဲ့ Xiaomi

%d bloggers like this: