Caviar က သိန်း ၁ ထောင်ကျော်တန်တဲ့ ရွှေ iPhone 11 Pro ကို ကြေညာ

[Unicode]

Caviar က အလန်းစား စမတ်ဖုန်းတွေကို ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ပြီး ဒီထက် ပိုလန်းသွားအောင် ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း Solar System Theme ပါတဲ့ iPhone 11 Series တွေကို ထုတ်လုပ်ရောင်းချပေးလိုက်ပါတယ်။ အဲဒီထဲက အလန်းဆုံးက ၁၈ ကာရက်ရွှေနဲ့ အလှဆင်ထားတဲ့ iPhone 11 Pro ဖြစ်ပါတယ်။ ဒေါ်လာ ၇၀ ၀၀၀ ကျော်တန်ကြေးရှိပြီး မြန်မာငွေ သိန်း ၁ ထောင်ကျော်တန်ပါတယ်။ အဲဒီ မော်ဒယ်ကို Solarius လို့ နာမည်ပေးထားပါတယ်။ iPhone 11 Pro Max ရဲ့ 512GB Model ကို ရွေးရင်တော့ ဒေါ်လာ ၇၁ ၅၂၀ ကျသင့်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုလ်က ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ Terra နဲ့ Luna Model တွေလည်း ပါပါတယ်။ သူတို့တွေကတော့ဈေးသိပ်မကြီးဘဲ ဒေါ်လာ ၈၁၀၀ နဲ့ ၈၂၆၀ အသီးသီး တန်ကြေးရှိပါတယ်။ မြန်မာငွေ သိန်း ၁၂၀ ကျော် တန်ကြေးရှိပါတယ်။

အဲဒီ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ လက်ပတ်နာရီတွေကိုလည်း ကြေညာလိုက်ပါတယ်။ သူတို့ကို အကန့်အသတ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းနဲ့ လက်ပတ်နာရီတွေအားလုံးဟာ Fersman Mineralogical Museum ရဲ့ Certificate ကို ရရှိထားပါတယ်။ အဲဒီ ပြတိုက်ဟာ ရုရှားနိုင်ငံ မော်စကိုမှာ တည်ရှိပြီး ကမ္ဘာမှာ အကြီးမားဆုံး ဒြပ်ထု ပြတိုက်ထဲက တစ်ခု ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]





Ref : gsmarena

%d bloggers like this: