Motorola Razr Foldable Phone ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Motorola Razr Foldable Phone ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Official Photo လို့ ထင်ရတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဒီလ ၁၃ ရက်နေ့မှာ သူ့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေမှာ အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို သေချာတွေ့ရပါတယ်။

သူ့ရဲ့ မှုန်ဝါးဝါး ဓါတ်ပုံတချို့လည်း ထွက်ပေါ်နေပါတယ်။ အနောက်ဘက် ဒီဇိုင်းကိုလည်း ပြသထားပါတယ်။ ဖုန်းကို ခေါက်ချိုးထားတဲ့ ဒီဇိုင်းကိုလည်း မြင်ရပြီး ၂၀၀၄ ခုနှစ်ထုတ် Razr V3 နဲ့ အရမ်းကို တူပါတယ်။ အရင်သတင်းတွေအရ ဈေးကတော့ ယူရို ၁၅၀၀ ပါ။ Galaxy Fold နဲ့ Huawei Mate X တို့ထက် ဈေးသက်သာမှာပါ။ သူ့ရဲ့ အပြင်ဘက်မှာ မျက်နှာပြင်ငယ် ၁ ခု ပါပြီး Notifications နဲ့ Status Icon တွေကို ပြသပေးပါတယ်။ Yanko Design က Sarang Sheth ဖန်တီးထားတဲ့ သူ့ရဲ့ Concept Image တွေကို လေ့လာနိုင်ပါတယ်။ သူဟာ ဒီဇိုင်းအပိုင်းမှာ Samsung Galaxy Fold နဲ့ Huawei Mate X တို့ထက် လန်းအောင်ပြုလုပ်ထားမှာပါ။
Motorola Razr ဟာ ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ မတူညီတဲ့ ဒီဇိုင်းများနဲ့ ခေါက်ချိုး ဖုန်းများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Razr ရဲ့ ဒီဇိုင်းကလည်း တစ်မျိုးကွဲထွက်နေပါတယ်။
မကြာခင်က ကြေညာခဲ့တဲ့ ခေါက်ချိုးဖုန်းများက စွမ်းရည်မြင့်များပါ။ ဒါပေမယ့် Razr မှာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 2730mAh Battery သာ ပါမှာဖြစ်တဲ့ အတွက် ဘက်ထရီသက်တမ်း အားနည်းပေမယ့် ပေါ့ပါးမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားကို မသိရသေးပါဘူး။ အနက်၊ အဖြူနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

Motorola Razr Foldable Phone ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

%d bloggers like this: