Samsung Galaxy M30s ကို ဥရောပမှာ ရောင်းပြီ

Samsung က အိန္ဒိယမှာ ပြီးခဲ့တဲ့ လက Galaxy M30s ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းပေးလိုက်ပါပြီ။ Amazon နဲ့ Samsung Online Store တွေကနေ အီတလီမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ဂျာမနီမှာ နောက်လမှာ ဝယ်ယူနိုင်မှာပါ။

သူ့မှာ အရွယ်ကြီး 6,000mAh Battery ထည့်သွင်းထားပါတယ်။ Galaxy M30 ထက် ၂၀ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ ၆.၄ လက်မ Super AMOLED Display တပ်ဆင်ထားပါတယ်။ 24MP Selfie Camera နဲ့ 48+8+5MP Triple Rear Cameras တွေ ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။
10nm Exynos 9611 SoC မောင်းနှင်ထားပါတယ်။ 4/6GB RAM , 64/128GB Storage တွေ ထုတ်လုပ်ထားပေမယ့် ဥရောပမှာ 4/64GB ကိုပဲ ရောင်းပေးမှာပါ။ ယူရို ၂၅၉ သတ်မှတ်ထားပြီး မြန်မာငွေ ၄၄၀ ၀၀၀ လောက်ရှိပါတယ်။ Android 9.0 Pie အခြေပြု One UI 1.5 တွေ ပါပါတယ်။ အနက်၊ အပြာနဲ့ ပုလဲဖြူအရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena

Samsung Galaxy M30s ကို ဥရောပမှာ ရောင်းပြီ

%d bloggers like this: