Xiaomi Mi TV 5 ရဲ့ Key Specs တွေကို သိရပြီ

Xiaomi က နောက်လ ၅ ရက်နေ့မှာ Mi CC9 Pro နဲ့အတူ Mi TV 5 , Mi Watch တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ထုတ်ကုန် အသစ်တွေရဲ့ သတင်းအချက်အလက်တွေကို နည်းနည်းစီ မျှဝေနေပါတယ်။ မကြာခင်က Mi TV 5 မှာ 4K QLED Display နဲ့ NTSC 108% Wide Color Gamut ပါမယ်လို့ သတင်းပေးခဲ့ပါတယ်။

Mi TV 5 ရဲ့ ညာဘက်ခြမ်းကို ရိုက်ပြထားတဲ့ ဓါတ်ပုံကိုလည်း ကုမ္ပဏီက မျှဝေထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေနဲ့ ကိုယ်ထည်က အရမ်းကို ပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပြီး အရမ်း မိုက်ပါတယ်။ အခုလည်း Mi TV 5 ရဲ့ Key Specs တွေကို ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ အရင်မျိုးဆက်ထက် ၆၃ ရာခိုင်နှုန်း ပိုမြန်တဲ့ 12nm T972 Chipset မောင်းနှင်ထားမယ်လို့သိရပါတယ်။ 4GB RAM နဲ့ 64GB Storage ပါလာမှာ ဖြစ်ပြီး 8K Video Recording ကို ထောက်ပံ့ထားမှာပါ။

Xiaomi ဟာ တရုတ်နဲ့ အိန္ဒိယရဲ့ စမတ်တီဗီ ဈေးကွက်မှာ အရမ်းကိုအောင်မြင်နေပါတယ်။ အိန္ဒိယမှာ Xiaomi Mi TV တွေဟာ ဒေဝါလီ ပွဲတော်အတွင်း Flipkart, Amazon India and Mi.com တို့နဲ့ ပူးပေါင်းပြုလုပ်တဲ့ ဈေးရောင်းပွဲတော်မှာ အလုံးရေ ၂၅၀ ၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Mi TV တွေဟာ ဈေးချိုပြီး အလန်းစား လုပ်ဆောင်ချက်တွေ ပါတဲ့အတွက် အိန္ဒိယမှာ လူကြိုက်များပါတယ်။ ဈေးရောင်းပွဲတော်မှာ ပျမ်းမျှအားဖြင့် ၁ မိနစ်မှာ ၄၃ လုံး ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref : gizmochina

Xiaomi Mi TV 5 ရဲ့ Key Specs တွေကို သိရပြီ

%d bloggers like this: