OPPO Reno2 ရဲ့ Ultra Steady Video နဲ့အတူ လှုပ်ရှားနေတဲ့ video တွေကို နှုတ်ဆက်လိုက်ရအောင်

OPPO Myanmar ကနေ ကင်မရာပိုင်းဆိုင်ရာမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့ Quad Camera တွေပါဝင်ထားတဲ့ OPPO Reno2ကို အောက်တိုဘာလ (၂၄)ရက်နေ့က Melia Hotel Yangon မှာ ခမ်းနားကြီးကျယ်စွာ မိတ်ဆက်ပေးခဲ့ပါတယ်။ Reno2 မှာဆိုရင် အသုံးပြုသူတွေအတွက် တည်ငြိမ်ကောင်းမွန်တဲ့ video ရိုက်ကူးမှုတွေကို ပြုလုပ်နိုင်ဖို့အတွက် Ultra Steady Video function လည်း ပါဝင်လာပါတယ်။

ယနေ့ခေတ်မှာဆိုရင် vlogging နဲ့ ကိုယ်ပိုင် video ရိုက်တာလေးတွေက တော်တော်လေးခေတ်စားလာပြီး ခေတ်ရေစီး‌ကြောင်းတစ်ခုလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ video ရိုက်ဖို့ဆိုရင်တော့ လက်ကတော်တော်ငြိမ်ဖို့လိုအပ်ပါတယ်။ ပြီးရင် ဖုန်းတွေနဲ့ video ရိုက်တဲ့အခါမှာ အစက်အပြောက်တွေနဲ့ ဝါးသွားတာမျိုးတွေ၊ video တွေက တည်ငြိမ်မှုမရှိဘဲ လှုပ်ရှားနေတဲ့အတွက် ကြည့်လို့မကောင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့တွေကျတော့ three-axis gimbal တွေ tripod တွေကို သုံးပြီးတော့ ဒီပြသနာတွေကို ဖြေရှင်းကြပါတယ်။ ဒါပေမယ့် ခရီးသွားတဲ့အခါမျိုးမှာဆိုရင် အဲ့လိုမျိုး လိုအပ်တာတွေ အကုန်လျှောက်သယ်နေရတဲ့အခါ အဆင်မပြေတာတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် solution တစ်ခုတော့ ရှိနေပါြပီ။ ဒါကတော့ OPPO Myanmar ကနေ အသစ်မိတ်ဆက်ပေးထားတဲ့ OPPO Reno2 ရဲ့ Ultra Steady Video mode  ဖြစ်ပါတယ်။

OPPO Reno2 ရဲ့ Ultra Steady Video မှာ Hybrid Image Stabilization (HIS) နည်းပညာပါဝင်ထားတဲ့အတွက် video ရိုက်ကူးတဲ့အခါမှာ အကောင်းဆုံး experience တွေ ရရှိဖို့အတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Optical Image Stabilization (OIS)  နဲ့ Electronic Image Stabilization (EIS) စနစ်တွေ ပူးပေါင်းပေးထားပြီး video ရိုက်ကူးမှုတွေမှာ  60 fps အထိရိုက်ကူးနိုင်တဲ့အတွက် အကောင်းဆုံး  video ရိုက်ကူးမှုတွေကို ဖန်တီးပေးနိုင်မှာပါ။ ဒါ့ကြောင့် လှုပ်ရှားနေတဲ့အချိန်တွေဖြစ်တဲ့ အားကစားလုပ်နေတဲ့အချိန်တွေ၊ စက်ဘီးစီးနေတဲ့အချိန်တွေမှာ‌တောင် တည်ငြိမ်တဲ့ video တွေကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။

OPPO Reno2 မှာဆိုရင် Action Camera တွေလိုမျိုး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပေးစွမ်းမယ့် Ultra Steady Video နည်းပညာပါဝင်ထားသလို full focal length imaging system ကို ထောက်ပံ့ပေးမယ့် Quad Camera set up ဖြ‌စ်တဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မယ့် အပြင် ညဘက် ရိုက်ကူးမှုတွေမှာပါ အကောင်းဆုံးစွမ်းဆောင်ပေးမယ့် 48MP Ultra Clear Main Camera၊  5x Hybrid Zoom နဲ့ 20x Digital Zoom ရိုက်ကူးမှုတွေအတွက် 13MP Tele Photo Lens၊ မြင်ကွင်းကျယ်ပုံတွေ ရိုက်ကူးရာမှာ အကောင်းဆုံးဖြစ်စေမယ့် 8MP Ultra Wide Angle Lens  နဲ့  2MP Mono Lens တွေ ပါဝင်ထားပါတယ်။ ဒီလိုမျိုး camera ပိုင်းဆိုင်ရာတွေမှာ အကောင်းဆုံးအဆင့်မြှင့်တင်ထားပြီး အကောင်းဆုံးပုံထွက်တွေကို အချိန်တိုင်း နေရာတိုင်း ရိုက်ကူးပေးနိုင်မယ့်အပြင် videoရိုက်ကူးရတဲ့နေရာမှာ သုံးစွဲသူတွေ အကြိုက်တွေ့စေမယ့်  Ultra Steady Video function တွေပါဝင်လာတဲ့ OPPO Reno2 စမတ်ဖုန်းကို (၇၉၉,၉၀၀) ကျပ်နဲ့ အောက်တိုဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကြိုတင်မှာယူနိုင်ပြီး ခရီးဆောင်အိတ်လေးလဲ လက်ဆောင်ပေးသွားဦးမှာဆိုတော့ အမြန်ဆုံး pre order တင်လိုက်ကြရအောင်။

#OPPOMyanmar

%d bloggers like this: