Apple ရဲ့ 5G iPhone တွေမှာ 5nm Chipset နဲ့ Qualcomm X55 Modem ပါမည်

5G Android Phone တွေတော့ ထွက်ပေါ်လာနေပါပြီ။ Apple ရဲ့ ဒီနှစ်ထုတ် ဖုန်းတွေမှာ 4G ပဲပါပါတယ်။ 5G iPhone ကိုတော့ နောက်နှစ်မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ဂျပန်ကထွက်လာတဲ့ သတင်းအရ နောက်နှစ်ထုတ် iPhone တွေမှာ Qualcomm X55 5G Modem ပါမယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ X55 ကို ဖုန်းတော်တော်များများမှာ ထည့်သွင်းမှာ ဖြစ်တဲ့ အတွက် ပစ္စည်းပြတ်နိုင်တဲ့ ပြဿနာရှိနိုင်ပါတယ်။

နောက်နှစ်ထုတ်မယ့် 5G iPhone တွေမှာ ပါမယ့် Apple ရဲ့ A14 SoC မှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး 5nm Fabrication Process ကို သုံးထားမှာ ဖြစ်ပြီး TSMC က ထုတ်လုပ်ပေးမှာပါ။ လက်ရှိမှာ Apple နဲ့ Huawei တို့ပဲ လာမယ့်နှစ်မှာ 5nm ကို သုံးဖို့ စီစဉ်ထားပါသေးတယ်။

iPhone အသစ် ၃ လုံးထဲက ၂ လုံးမှာ Flexible OLED Display သုံးထားမှာ ဖြစ်တဲ့အတွက် မျက်နှာပြင်ကွေး ဖြစ်နိုင်ပါတယ်။ တကယ်တော့ Apple က iPhone X ကတည်းက Curved OLED ကို သုံးနေခဲ့တာပါ။ ဒါပေမယ့် သိပ်မသိသာတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ Apple က AR အတွက် 3D Sensing Rear Camera ၁ လုံးကို ဖန်တီးနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက DigiTimes က 2020 iPhone တွေမှာ 120Hz Screen ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ iPad Pro တွေရဲ့ Refresh Rate နဲ့ တူသွားမှာပါ။ ဒါပေမယ့် iPad တွေရဲ့ LCD မှာလို မဟုတ်ဘဲ လာမယ့်နှစ်ထုတ် iPhone တွေရဲ့ OLED Screen မှာ 120Hz Screen တပ်ထားမှာပါ။

Ref : gsmarena

Apple ရဲ့ 5G iPhone တွေမှာ 5nm Chipset နဲ့ Qualcomm X55 Modem ပါမည်

%d bloggers like this: