Waterdrop Notch ပါမှာ သေချာသွားတဲ့ Xiaomi Mi CC9 Pro

Xiaomi က Mi CC9 Pro ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုတော့ သူ့မှာ Waterdrop Notch ပါတာကို ပြသထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ ဗီဒီယိုကို ဝက်ဘ်ဆိုက်မှာ တင်လို့ မရတဲ့အတွက် Screenshot တွေကိုပဲ အောက်မှာ ရှိုးလိုက်ပါနော်။ အစိမ်းရောင်နဲ့ အဖြူရောင် ထုတ်လုပ်ထားတာကို မြင်ရပါတယ်။

စုစုပေါင်း ကင်မရာ ၅ လုံး ပါလာမှာဖြစ်ပြီး ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပါတယ်။ ကင်မရာတွေရဲ့ ညာဘက်မှာ Dual LED Flash ကို တပ်ဆင်ထားပြီး 5X Optical စာသား ပါပါတယ်။ Telephoto Camera အကြောင်းကို သတင်းပေးထားတာ ဖြစ်ပါတယ်။ အနောက်ကင်မရာထဲမှာ 108MP ပါလာမှာပါ။ 13MP Ultrawide Angle Camera နဲ့ 8MP Telephoto Camera တွေနဲ့ အားဖြည့်ထားပါတယ်။ 32MP Selfie Camera ကို Notch မှာ ထည့်သွင်းထားမှာပါ။
အရင်ကထွက်ခဲ့တဲ့ သတင်းတွေအရ သူ့မှာ ၆.၄ လက်မ FHD+ AMOLED Display ပါလာမှာ ဖြစ်ပြီး အရွယ်သေး Notch တပ်ဆင်ထားမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ထားမှာပါ။ TENAA ကစာရင်းအရ အလန်းစား 5170mAh Battery ပါလာမှာပါ။ Xiaomi Mi CC9 Pro ကို တရုတ် ပြင်ပမှာ Mi Note 10 နာမည်နဲ့ ရောင်းမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ Mi CC9 Pro ကို ကြေညာတော့မှာပါ။

Ref : gsmarena

Waterdrop Notch ပါမှာ သေချာသွားတဲ့ Xiaomi Mi CC9 Pro

%d bloggers like this: