Redmi Note 8T မှာ NFC နဲ့ 18W Charging ပါမည်

Xiaomi က Redmi Note 8 Series တွေကို ထုတ်လို့ မပြီးသေးပါဘူး။ Redmi Note 8T မှာ NFC Support ပါမယ်လို့ သတင်းထွက်နေပြီး အခုတော့ NCC က ဒီသတင်းကို အတည်ပြုလိုက်ပါတယ်။ တရုတ်က စမတ်ဖုန်း အများစုမှာ NFC မပါပါဘူး။ Redmi Note 8 မှာလည်း မထည့်ထားပါဘူး။ 8T ကိုတော့ နိုင်ငံတကာမှာ ရောင်းဖို့ ရည်ရွယ်ထားပုံပေါ်ပါတယ်။ ဒါ့အပြင် NCC ရဲ့ သတင်းအရ 8T မှာ 18W Fast Charging ပါလာမှာပါ။ NCC က မကြာခင်မှာ ကြေညာမယ်လို့ ဖော်ပြထားတဲ့အတွက် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မြင်ရနိုင်ပါတယ်။

မကြာခင်က သူ့ရဲ့ Live Images တွေထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ အဓိက Specs တွေကို မြင်ရပါတယ်။ အနောက်ကင်မရာတွေထဲမှာ 48MP Main Camera + Ultrawide Angle Camera + Macro Camera တွေ ပါလာမှာ ဖြစ်ပါတယ်။ နောက် ၁ လုံးက Depth Sensor လား ဆိုတာ မသိရသေးပါဘူး။ သူ့မှာ Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့ ၆.၃ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Snapdragon 665 Chipset နဲ့ အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ ဘက်ထရီက 4,000mAh ဖြစ်ပြီး 18W Fast Charging ထည့်ထားပါတယ်။
Giztop Online Store မှာ သူ့ကို ၁၉၉ ဒေါ်လာနဲ့ ရောင်းဖို့ စာရင်းတင်ထားပြီး နောက်တစ်ပတ်မှာ ပို့ပေးမယ်လို့ ဖော်ပြထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။ Xiaomi က သူ့ကို တရားဝင်တောင် မကြေညာရသေးပါဘူး။ Online Store မှာ အနက်ရောင် မော်ဒယ်ကို ပြသထားပြီး 4GB RAM / 64GB Storage ၁ မျိုးသာ တင်ထားပါတယ်။ ဒီဇိုင်းက Redmi Note 8 နဲ့ တူပါတယ်။

Ref : gsmarena

Redmi Note 8T မှာ NFC နဲ့ 18W Charging ပါမည်

%d bloggers like this: