၂၀၂၀ ခုနှစ် မေလလောက်မှာ ကြေညာနိုင်တဲ့ OnePlus 8 နဲ့ OnePlus 8 Pro

OnePlus 7 Series တွေကို ဒီနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း မေလမှာပဲ OnePlus 8 နဲ့ OnePlus 8 Pro ကို ကြေညာနိုင်ပါတယ်။ နာမည်ကျော် Tipster ၁ ယောက်က လာမယ့်နှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ မိတ်ဆက်မယ်လို့ ပြောပါတယ်။

ဒီလထဲမှာ OnePlus 8 နဲ့ 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။ CashKaro နဲ့ OnLeaks တို့ရဲ့ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus Phone တွေနဲ့ အရမ်းကို တူပါတယ်။ အဓိက ပြောင်းလဲမှု တစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 မှာ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာတာက ခေတ်မှီလာတဲ့ ဒီဇိုင်းပါ။ ၆.၅ လက်မ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Pro မဟုတ်တဲ့ မော်ဒယ်မှာ မျက်နှာပြင်ကွေး တပ်ထားတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။
OnePlus 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ OnePlus 7T မှာလို စက်ဝိုင်းပုံသဏ္ဍာန် မဟုတ်ဘဲ ဒေါင်လိုက် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ သူ့မှာ ကြိုးမဲ့အားသွင်းနည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ Pro နဲ့ 8 တို့ရဲ့ ဒီဇိုင်းကတော်တော် တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့ အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece က ပိုကြီးပါတယ်။ Pro ရဲ့ မျက်နှာပြင်အထက်က ဘောင်က အနည်းငယ်ပိုထူနေပါတယ်။ Pro မှာ ၆.၆၅ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 8 ထက် ဝ.၁၅ လက်မ ပိုကြီးပါတယ်။ 8 Pro နဲ့ 8 ၂ လုံးစလုံးရဲ့ မျက်နှာပြင်တွေက 90Hz Refresh Rate ကိုထောက်ပံ့ပါတယ်။

Ref : gizmochina

၂၀၂၀ ခုနှစ် မေလလောက်မှာ ကြေညာနိုင်တဲ့ OnePlus 8 နဲ့ OnePlus 8 Pro

%d bloggers like this: