Wireless Charging Touchpads ပါလာတဲ့ Samsung Galaxy Book Laptop

Samsung က သူ့ရဲ့ Developer Conference မှာ လက်ပ်တော့ အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Galaxy Book Flex နဲ့ Galaxy Book Ion ဖြစ်ပါတယ်။ Galaxy Book Ion က သာမာန် လက်ပ်တော့ ဖြစ်ပြီး ၁၃.၃ လက်မနဲ့ ၁၅.၆ လက်မ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ 16GB RAM နဲ့ 1TB Storage တွေအထိ ရွေးချယ်နိုင်ပါတယ်။ အလန်းဆုံး လုပ်ဆောင်ချက်က Touchpad မှ Wireless PowerShare ဖြစ်ပြီး Phones, Galaxy Buds တွေလို Qi-compatible Devices တွေကို Touchpad ကနေ အားသွင်းပေးပါတယ်။

အဲဒီ နည်းပညာဟာ Galaxy Book Flex မှာလည်း ပါပါတယ်။ သူကတော့ လက်ပ်တော့၊ တက်ဘလက် ၂ မျိုးသုံး ကွန်ပြူတာ ဖြစ်ပါတယ်။ ကီးဘုတ်ကို ခေါက်ချိုးပြီး တက်ဘလက်လို သုံးနိုင်ပါတယ်။ S Pen ထောက်ပံ့တဲ့အတွက် မှတ်စုတွေရေးတာ၊ ပုံဆွဲတာတွေ လုပ်ရင် ရှယ်ကောင်းပါတယ်။ လက်ပ်တော့ ၂ ခုစလုံးမှာ 10th Gen Intel Core Processor မောင်းနှင်ထားပါတယ်။

ကုမ္ပဏီက ရောင်းချမယ့် အချိန်နဲ့ ဈေးကို မပြောသေးပါဘူး။ ဒီဇင်ဘာလမှာ နိုင်ငံတချို့မှာ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် ရောင်းမယ့် နိုင်ငံတွေကိုလည်း မသိရသေးပါဘူး။ စွမ်းရည်မြင့် လက်ပ်တော့တွေ ဖြစ်တဲ့ အတွက် ပရော်ဖက်ရှင်နယ် သမားတွေအတွက် မိုက်ပါတယ်။

Ref : mashable

Wireless Charging Touchpads ပါလာတဲ့ Samsung Galaxy Book Laptop

%d bloggers like this: