Design ပြင်ဆင်ထားတဲ့ Galaxy Fold ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံတော်တော်များများမှာ ရောင်းချပေးထားပါတယ်။ အခုတော့ အတွင်းသတင်းတွေအရ တရုတ်မှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ယွမ် ၁၄ ၉၉၉ နဲ့ ရောင်းပေးတော့မှာပါ။ မြန်မာငွေ ၃၂ သိန်းလောက်ရှိတဲ့အတွက် ဈေးအရမ်းမြောက်ပါတယ်။
သူ့မှာ ၄.၆ လက်မ အပိုမျက်နှာပြင်နဲ့ ၇.၃ လက်မ ခေါက်ချိုး မျက်နှာပြင်ကို အတွင်းပိုင်းမှာ ထည့်သွင်းထားပါတယ်။ Snapdragon 855 မောင်းနှင်ထားပါတယ်။ 12GB RAM , 512GB Storage များ ပါပါတယ်။ ဘက်ထရီ နှစ်လုံးပါပြီး စုစုပေါင်း 4380mAh ရှိပါတယ်။ Galaxy Fold မှာ, ကင်မရာ ၆ လုံး ပါပြီး အနောက်ဘက်မှာ ၃ လုံး၊ အရှေ့ဘက်မှာ ၁ လုံးနဲ့ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးမှာ 16MP , 12MP နဲ့ 12MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 10MP ပါ။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။
အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။ ဒီလုပ်ဆောင်ချက်ကို Samsung က Google နဲ့ Android Dev များနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။ အရွယ်ကြီး စကရင်မှာ 3-Way Multitasking ကို အသုံးပြုနိုင်ပါတယ်။ WhatsApp, Microsoft Office နဲ့ YouTube Premium တို့က သူ့ကို ထောက်ပံ့ပါတယ်။
Ref : gizmochina
Samsung Galaxy Fold ကို တရုတ်မှာ နိုဝင်ဘာလ ၈ ရက်နေ့ ရောင်းမည်
You must log in to post a comment.