Delivery Robot Dog တွေ လာပြီ

ဂျာမနီ ကားအစိတ်အပိုင်း ထုတ်လုပ်တဲ့ Continental ဟာ သူ့ရဲ့ ကားတာယာများကြောင့် နာမည်ကြီးပါတယ်။ အခုတော့ ကုမ္ပဏီက သူ့နယ်ပယ်နဲ့ မဆိုင်တဲ့ ကွဲပြားတဲ့ နည်းပညာ အိုင်ဒီယာတစ်ခုကို ပြသလိုက်ပါတယ်။ အဲဒါကတော့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ် ခွေးများ ဖြစ်ပါတယ်။

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်ခွေးများ ဖန်တီးဖို့ အတွက် Continental က စက်ရုပ် ကုမ္ပဏီ ANYbotics နဲ့ ပူးပေါင်းထားပါတယ်။ သရုပ်ပြသမှုမှာ ANYbotics ရဲ့ ခြေထောက်လေးချောင်းပါတဲ့ စက်ရုပ် ခွေးတစ်ကောင်ဟာ မောင်းသူမဲ့ Delivery Truck ကားရဲ့ အနောက်ဘက်ကနေ လမ်းပေါ်ကို ထွက်လာပါတယ်။ ခွေးရဲ့ ကျောမှာ ကုန်ပစ္စည်း ပါတဲ့ ဘူးခွံကို သယ်ဆောင်လာပြီး အိမ်အပေါက်၀ အထိ ပို့ဆောင်ပေးတာကို မြင်ရပါတယ်။

စက်ရုပ် ခွေးဟာ အိမ်အရှေ့မှ လှေခါးထစ်များကို တက်ပြီး အိမ်ရဲ့ Bell ကို သူ့ရဲ့ လက်နဲ့ တီးနေတာကိုပါ ပြသထားပါတယ်။ အဲဒီနောက်မှာ ကျောမှ ကုန်ပစ္စည်းကို ခါချလိုက်ပါတယ်။ သရုပ်ပြ ဗီဒီယိုမှာ စက်ရုပ် ခွေးရဲ့ လှုပ်ရှားမှုများဟာ နှေးကွေးနေသေးတာကို မြင်ရပါတယ်။ ဒီနည်းပညာဟာ အစောပိုင်း အဆင့်မှာသာ ရှိသေးပြီး အချိန်များစွာ ယူ၍ တီထွင်ဖန်တီးရဦးမှာ ဖြစ်ပါတယ်။

Continental က ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ် ခွေးများကို မကြာခင်မှာ ဝန်ဆောင်မှု ပေးဦးမှာ မဟုတ်သေးပါဘူး။ ခြေထောက်များ ပါတဲ့ စက်ရုပ်များဟာ ဒီလို အလုပ်များအတွက်တော့ အဆင်မပြေသေးပါဘူး။ ဘီးများပါတဲ့ စက်ရုပ်များဖြင့်သာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုများကို လက်ရှိမှာ ပြုလုပ်နေကြပါတယ်။

Ref : digitaltrends

Delivery Robot Dog တွေ လာပြီ

%d bloggers like this: