Huawei Nova 6 နဲ့ Nova 6 5G မှာ 40W Rapid Charging ပါမည်

Huawei Nova 6 နဲ့ Nova 6 5G ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေ အရင်က အွန်လိုင်းမှာ တက်လာပါတယ်။ Nova 6 5G မှာ Punch-hole Selfie Camera ပါလာမှာ ဖြစ်ပါတယ်။ ဆေးတောင့်ပုံသဏ္ဍာန် တပ်ဆင်ထားတာတွေ့ရတဲ့ အတွက် ကင်မရာက ၂ လုံး ဖြစ်နိုင်ပါတယ်။ ToF Module လား ၊ ကင်မရာလားဆိုတာတော့ သေချာ မသိရသေးပါဘူး။

အနောက်ဘက်မှာ ToF Module တစ်လုံး ပါလာနိုင်ပါတယ်။ ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားတာတွေ့ရပါတယ်။ ကင်မရာတွေရဲ့ ဘေးမှာ AI Camera စာသားကို ရေးထိုးထားပါတယ်။ ဒါပေမယ့် ကင်မရာ Specs တွေတော့ မဖော်ပြထားပါဘူး။

အခုတော့ အဲဒီ ဖုန်း ၂ လုံးကို တရုတ်က 3C မှာ မှတ်ပုံတင်လိုက်ပြီး 40W Rapid Charging ပါမယ်လို့ဖော်ပြထားပါတယ်။ 5G Model မှာ Kirin 990 5G Chipset ပါလာနိုင်ပါတယ်။ 4G နဲ့ 5G Model ဟာ Chipset လောက်ပဲ ကွဲပြားနိုင်ပြီး အများစု တူညီနိုင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုသိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina

Huawei Nova 6 နဲ့ Nova 6 5G မှာ 40W Rapid Charging ပါမည်

%d bloggers like this: