iQOO Neo 855 အတွက် Star Trek: Discovery Custom Gift Box Edition ကို ကြေညာ

Vivo က မကြာခင်ကပဲ iQOO Neo 855 ကို ကြေညာခဲ့ပါတယ်။ အခုတော့ iQOO Neo 855 အတွက် Star Trek: Discovery Custom Gift Box Edition ကို မိတ်ဆက်လိုက်ပါတယ်။ ၁,၇၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၈၀,၀၀၀ လောက်ရှိပါတယ်။ ဒီဇိုင်းပိုင်းသာ ကွဲပြားပြီး Specs တွေက မူလမော်ဒယ်နဲ့ တူပါတယ်။

သူဟာ Vivo iQOO Neo ကို အနည်းငယ်အဆင့်မြှင့်ထားတာ ဖြစ်ပြီး အစိတ်အပိုင်းအများစုက တူညီကြပါတယ်။ Vivo iQOO Neo 855 မှာ Snapdragon 855 Chipset နဲ့ အဆင့်မြှင့်ထားပါတယ်။ 12MP + 8MP + 2MP Triple Rear Camera နဲ့ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ 33W Fast Charging ပါတဲ့ 4500mAh Battery ထည့်သွင်းထားပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၂၅ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Waterdrop Notch ပါတဲ့ ၆.၃၈ လက်မ Super AMOLED Display တပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Android Pie အခြေပြု Funtouch 9 မောင်းနှင်ထားပါတယ်။ Purple, Aurora White နဲ့ Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Gaming Smartphone ဖြစ်တဲ့ ဂိမ်းကစားရင် လျှင်မြန်သွက်လက်စေပြီး အပူချိန်လျှော့ချပေးတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။ Dual-WiFi Acceleration နည်းပညာက ဂိမ်းကစားရင် လိုင်းကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ MultiTurbo 2.0 နဲ့ Super Liquid Cooling System တွေ ထည့်ထားပါတယ်။

Ref : gizmochina

iQOO Neo 855 အတွက် Star Trek: Discovery Custom Gift Box Edition ကို ကြေညာ

%d bloggers like this: