Xiaomi Redmi K30 နဲ့ Redmi K30 Pro ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

စမတ်ဖုန်း ကုမ္ပဏီတွေက 5G နည်းပညာပါတဲ့ဖုန်းတွေကို ထုတ်လုပ်နေကြပါပြီ။ Xiaomi ရဲ့ Redmi Brand ကလည်း 5G ပါတဲ့ Redmi K30 ကို နောက်နှစ်မှာ မိတ်ဆက်တော့မှာပါ။ အခုတော့ Redmi က Redmi K30 နဲ့ Redmi K30 Pro ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ ဒီဇိုင်းပိုင်းမှာ သူတို့ ၂ လုံးရဲ့ ကွာခြားချက်က Pro Model မှာ Curved Edge Design ပါလာတာပါ။

သူတို့မှာ Snapdragon 865 Chipset အပါအဝင် အလန်းစား ဟာ့ဒ်ဝဲတွေ ပါလာမှာပါ။ Qualcomm က Snapdragon 865 Chipset ကို မကြေညာရသေးပါဘူး။ 12GB RAM နဲ့ 512GB Storage တွေ ပါလာနိုင်ပါတယ်။ K30 မှာ ၆.၇ လက်မ AMOLED Screen နဲ့ Punch-hole Design ထည့်ထားမှာပါ။ 19.5:9 Screen Ratio နဲ့ 90Hz Refresh Rate ပါလာမှာပါ။

K30 မှာ Dual Selfie Camera ထည့်သွင်းထားမှာ ဖြစ်ပြီး 36MP+26MP တွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP+28MP+18MP+8MP ကင်မရာ ၄ လုံး ပါလာမှာပါ။ OIS, EIS နဲ့ 30x Digital Zoom တွေ ထောက်ပံ့ထားမှာပါ။ 4800mAh Battery ပါပြီး 65W Fast Charge နဲ့ Wireless Charging ပါလာမှာပါ။

Ref : gizmochina

Xiaomi Redmi K30 နဲ့ Redmi K30 Pro ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

%d bloggers like this: