Apple က Feature အသစ်တွေပါတဲ့ iOS 13.2 ကို ဖြန့်ချိ
[Unicode]
Apple က iOS 13.2 ကို ဖြန့်ချိပေးလိုက်ပြီး Feature အသစ်တွေ ပါလာပါတယ်။ အသစ်ကြေညာလိုက်တဲ့ AirPods Pro ကို ထောက်ပံ့မှု ထည့်ထားပါတယ်။ iOS 13.2 မှာ iPhone 11 နဲ့ 11 Pro ကင်မရာအတွက် ဉာဏ်ရည်တု နည်းပညာ အခြေပြု Deep Fusion ပါလာပြီး အလင်းရောင်နည်းပါးချိန်တွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ အလင်းရောင် အခြေအနေပေါ်မူတည်ပြီး Deep Fusion ကို အလိုလို Activate လုပ်ပေးပါတယ်။
Siri ကနေ ဖမ်းယူထားတဲ့ အသံဖိုင်တွေကို Apple က နားထောင်လို့ မရအောင် ရွေးချယ်လာနိုင်ပါတယ်။ အစားအစာ၊ တိရိစ္ဆာန်နဲ့ မသန်စွမ်း လူတွေ အပါအဝင် Emoji အသစ်တွေ ထည့်သွင်းထားပါတယ်။ HomePod အတွက် Multiuser Voice Support ပါလာပြီး စမတ် စပီကာက လူခြောက်ယောက်အထိ အသံကို မှတ်မိလာပါတယ်။
iOS 13.2 အပြင် Apple က iPadOS 13.2 နဲ့ tvOS 13.2 ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ iOS နဲ့ iPadOS ကို တင်ဖို့အတွက် Settings -> General -> Software Update မှာ ပြုလုပ်နိုင်ပါတယ်။ Apple TV HD နဲ့ Apple TV 4K ရဲ့ Settings ကနေ tvOS ကို တင်နိုင်ပါတယ်။
ref : theverge
[Zawgyi]
ref : theverge
%d bloggers like this: