0 Shares 42 Views

မျက်နှာပြင်ကြီးဖုန်းများကြောင့်ဖိအားများလာတဲ့သေးငယ်သောတက်ဘလက်များ

 

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တစ်ကမ္ဘာလုံးမှာ စတားဖြစ်ခဲ့တဲ့ မျက်နှာပြင် ၇လက်မလောက်ရှိတဲ့ တက်ဘလက်ကွန်ပြူတာတွေဟာ အခုအခါမှာ မျက်နှာပြင်ကြီးမားတဲ့ စမတ်ဖုန်းတွေရဲ့ ခေတ်စားလာမှုတွေကြောင့် တစ်ကမ္ဘာလုံးကို တင်ပို့တဲ့ရာခိုင်နှုန်းဟာ အတော်လှုပ်ခတ်လာတယ်လို့ သုတေသနတွေက အတည်ပြုခဲ့ပါတယ်။

မျက်နှာပြင် ၇လက်မအရွယ် တက်ဘလက်အသေးစားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက တစ်ကမ္ဘာလုံးတင်ပို့မှု ၆၄.၁ရာခိုင်နှုန်းထိရှိခဲ့ပြီး ၂၀၁၅ခုနှစ်မှာတော့ ၅၇.၇ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တယ်လို့ အမေရိကန် ဈေးကွက်သုတေသန တစ်ခုကိုမူတည်ပြီး အပြည်ပြည်ဆိုင်ရာအချက်အလက်အဖွဲ့(IDC) ကပြောပါတယ်။

Apple ရဲ့ iPhone 6 Plus နဲ့ 6s Plus, Samsung Galaxy S6 မော်ဒယ်တွေနဲ့ မကြာသေးမှီက ထုတ်ပြန်ခဲ့တဲ့ Huawei Mate 8 တို့လို မျက်နှာပြင်၅.၅လက်မအရွယ် ဖုန်းတွေကို သုံးစွဲသူတွေ မျက်စိကျလာတာဟာ တက်ဘလက်PC တွေကို ၀ယ်ယူအသုံးပြုမှုကို ရပ်တန့်သွားစေတာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ တက်ဘလက်ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ နောက်ထွက်မယ့် ၇လက်မနဲ့ ထိုထက်ကြီးတဲ့ တက်ဘလက်တွေထုတ်လုပ်ဖို့အတွက် လက်တွန့်ကုန်ကြတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို လတ်တလောကျင်းပသွားတဲ့ CES 2016 ပွဲမှာ အဓိကတွေ့ခဲ့ရပြီး တက်ဘလက်အကောင်းစားတွေထုတ်တဲ့ Samsung, LG တို့ဟာ ၇လက်မနဲ့ ၈လက်မ အရွယ် တက်ဘလက်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်ကြီးကြီးမားမား မတွေ့ခဲ့ရတာဖြစ်ပါတယ်။

IDC ကတော့ သေးငယ်တဲ့ တက်ဘလက်တွေ တစ်ကမ္ဘာလုံးကို တင်ပို့မှုဟာ ၄၃ရာခိုင်နှုန်းလောက်ထိ ထပ်မံကျဆင်းသွားဖို့ ရှိတယ်လို့ဆိုပါတယ်။ ICD ဒါရိုက်တာ Jean Philippe Bouchard က”Phablets (မျက်နှာပြင်ကြီးမားဖုန်းများ) တွေရဲ့ ရောင်းအားဟာ သေးငယ်တဲ့တက်ဘလက်တွေအပေါ်ဆက်လက် အကျိုးသက်ရောက်မှုရှိနေမှာပါ ” လို့ဆိုပါတယ်။

Ref: Gadgets360

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category