Realme က ကွာတား ၃ မှာ စမတ်ဖုန်း ၁၀ သန်းကျော် ရောင်းချရ

[Unicode]

Realme က ဈေးချိုတဲ့ စမတ်ဖုန်းတွေ အပါအဝင် ဈေးအစားစားရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ Realme ရဲ့ အဓိက ပြိုင်ဖက်က Redmi ဖြစ်ပါတယ်။ အခုတော့ Realme က Redmi ရဲ့ ဈေးကွက်ဝေစုကို လုယူနိုင်နေပါပြီ။ Realme ဟာ ဒီနှစ် ကွာတား ၃ မှာ စမတ်ဖုန်း အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်တယ်လို့ Counterpoint ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

အရင်နှစ် ရောင်းအားထက် ၈၀၈ ရာခိုင်နှုန်းတောင် တက်လာတာဖြစ်ပြီး ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ စာရင်းမှာ နံပါတ် ၇ နေရာကို သိမ်းပိုက်ထားပါတယ်။ ဒီနှစ် ကွာတား ၂ ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ ၁၀ ခု စာရင်းမှာလည်း ပါခဲ့ပါတယ်။ Realme ဟာ ကမ္ဘာမှာ အတိုးတက်ဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။

ထိုးဖောက်ဖို့ ခက်ခဲတဲ့ စမတ်ဖုန်း နယ်ပယ်မှာ ဒီလောက်အချိန်တိုအတွင်း အောင်မြင်မှုရတာဟာ ချီးကျူးစရာပါ။ Realme စမတ်ဖုန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ရောင်းချရတာပါ။ မကြာခင်ကပဲ အိန္ဒိယမှာ ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်းရခဲ့ပြီး အဲဒီ နိုင်ငံရဲ့ စတုတ္ထမြောက် အကြီးမားဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော်မှာ စမတ်ဖုန်းတွေ ရောင်းချပေးနေပါတယ်။

Ref : gizmochina

[Zawgyi]

Realme က ကြာတား ၃ မွာ စမတ္ဖုန္း ၁၀ သန္းေက်ာ္ ေရာင္းခ်ရ

Realme က ေစ်းခ်ိဳတဲ့ စမတ္ဖုန္းေတြ အပါအ၀င္ ေစ်းအစားစားရွိတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ Realme ရဲ႕ အဓိက ၿပိဳင္ဖက္က Redmi ျဖစ္ပါတယ္။ အခုေတာ့ Realme က Redmi ရဲ႕ ေစ်းကြက္ေ၀စုကို လုယူႏုိင္ေနပါၿပီ။ Realme ဟာ ဒီႏွစ္ ကြာတား ၃ မွာ စမတ္ဖုန္း အလံုးေရ ၁၀ သန္းေက်ာ္ ေရာင္းခ်ႏုိင္တယ္လို႔ Counterpoint ရဲ႕ စစ္တမ္းက ေဖာ္ျပထားပါတယ္။

အရင္ႏွစ္ ေရာင္းအားထက္ ၈၀၈ ရာခိုင္ႏႈန္းေတာင္ တက္လာတာျဖစ္ၿပီး ကမာၻ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ကုမၸဏီ စာရင္းမွာ နံပါတ္ ၇ ေနရာကို သိမ္းပိုက္ထားပါတယ္။ ဒီႏွစ္ ကြာတား ၂ ရဲ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ကုမၸဏီ ၁၀ ခု စာရင္းမွာလည္း ပါခဲ့ပါတယ္။ Realme ဟာ ကမာၻမွာ အတိုးတက္ဆံုး စမတ္ဖုန္း ကုမၸဏီ ျဖစ္လာပါတယ္။

ထိုးေဖာက္ဖို႔ ခက္ခဲတဲ့ စမတ္ဖုန္း နယ္ပယ္မွာ ဒီေလာက္အခ်ိန္တိုအတြင္း ေအာင္ျမင္မႈရတာဟာ ခ်ီးက်ဴးစရာပါ။ Realme စမတ္ဖုန္းေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းကို အိႏၵိယနဲ႔ အင္ဒိုနီးရွားမွာ ေရာင္းခ်ရတာပါ။ မၾကာခင္ကပဲ အိႏၵိယမွာ ေစ်းကြက္ေ၀စု ၁၆ ရာခိုင္ႏႈန္းရခဲ့ၿပီး အဲဒီ ႏိုင္ငံရဲ႕ စတုတၳေျမာက္ အႀကီးမားဆံုး ကုမၸဏီ ျဖစ္လာပါတယ္။ ႏိုင္ငံေပါင္း ၂၀ ေက်ာ္မွာ စမတ္ဖုန္းေတြ ေရာင္းခ်ေပးေနပါတယ္။

Ref : gizmochina

%d bloggers like this: