Live Images တွေ ထွက်လာတဲ့ Redmi Note 8T

မနေ့ကပဲ Redmi Note 8T ကို ရောင်းဖို့ အွန်လိုင်းစတိုးတစ်ခုက စာရင်းတင်ထားပါတယ်။ ဒီနေ့တော့ သူ့ရဲ့ Live Image တွေ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတွေမှာ သူ့ရဲ့ အဓိက Specs တွေကို မြင်ရပါတယ်။ သူ့မှာ Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့ ၆.၃ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Snapdragon 665 Chipset နဲ့ အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ ဘက်ထရီက 4,000mAh ဖြစ်ပြီး 18W Fast Charging ထည့်ထားပါတယ်။

အနောက်ကင်မရာတွေထဲမှာ 48MP Main Camera + Ultrawide Angle Camera + Macro Camera တွေ ပါလာမှာ ဖြစ်ပါတယ်။ နောက် ၁ လုံးက Depth Sensor လား ဆိုတာ မသိရသေးပါဘူး။ မကြာခင်ကပဲ Redmi Note 8T ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ မနေ့ကတော့ သူ့ရဲ့ ဈေးနှုန်းကို သိရပါပြီ။ Giztop Online Store မှာ သူ့ကို ၁၉၉ ဒေါ်လာနဲ့ ရောင်းဖို့ စာရင်းတင်ထားပြီး နောက်တစ်ပတ်မှာ ပို့ပေးမယ်လို့ ဖော်ပြထားပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။
Xiaomi က သူ့ကို တရားဝင်တောင် မကြေညာရသေးပါဘူး။ Online Store မှာ အနက်ရောင် မော်ဒယ်ကို ပြသထားပြီး 4GB RAM / 64GB Storage ၁ မျိုးသာ တင်ထားပါတယ်။ မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ သူ့မှာ NFC အပိုပါတာကလွဲပြီး တခြား Specs တွေက မူလ Redmi Note 8 နဲ့ တူနိုင်ပါတယ်။

Ref : gizmochina

Live Images တွေ ထွက်လာတဲ့ Redmi Note 8T

%d bloggers like this: