OnePlus 7T Pro McLaren Edition ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ

OnePlus 7T Pro McLaren Edition ကို Amazon India က ၂၆ ရက်နေ့က စတင် ရောင်းချပေးလိုက်ပါပြီ။ OnePlus ရဲ့ အိန္ဒိယ၊ ဥရောပနဲ့ တရုတ် အွန်လိုင်းစတိုးတွေကနေ နောက်ထပ် ၁၂ ရက်လောက်ကျမှ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒါတွေဟာ ကမ္ဘာအဝန်းမှာ ရောင်းပေးမယ့် ပထမဆုံး အလုံးတွေ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရိုးရိုး OnePlus 7T Pro ကို ရူပီး ၅၄၀၀၀ နဲ့ McLaren Edition ကို ၅၉၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၁ ၁၇၀ ၀၀၀ နဲ့ ၁ ၂၇၀ ၀၀၀ လောက်ရှိပါတယ်။ McLaren Edition မှာ 12GB RAM နဲ့ ရိုးရိုး မော်ဒယ်မှာ 8GB RAM တွေ ပါပြီး 256GB Storage က တူညီပါတယ်။ McLaren Edition အတွက် အထူးထုတ် ကေ့စ် ထုတ်လုပ်ပေးထားပါတယ်။

OnePlus က မကြာခင်ကလည်း OnePlus 7T Pro 5G McLaren ကို ကြေညာလိုက်ပါတယ်။ OnePlus 7T Pro 5G McLaren Edition မှာ Snapdragon X55 5G Modem ပါတာကလွဲရင် တခြား Specs တွေက Standard McLaren Edition နဲ့ တူညီပါတယ်။ OnePlus 7T Pro 5G McLaren Edition မှာ ၆.၆၇ လက်မ Curved AMOLED QHD+ Display ထည့်သွင်းထားပါတယ်။ Snapdragon 855 Plus Chipset မောင်းနှင်ထားပါတယ်။

12GB RAM နဲ့ 256GB UFS 3.0 Storage တွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP + 16MP + 8MP Triple Camera နဲ့ အရှေ့ဘက်မှာ 16MP Pop-up Camera ပါလာပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 10 နဲ့ Warp Charge 30T ထောက်ပံ့တဲ့ 4,085mAh Battery ထည့်ထားပါတယ်။

Ref : gsmarena

OnePlus 7T Pro McLaren Edition ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ

%d bloggers like this: