Redmi Note 8 Pro Terminator Edition ကို ရောင်းတော့မယ်

Xiaomi က 20th Century Fox နဲ့ ပူးပေါင်းပြီး Redmi Note 8 Pro Terminator Edition ကို ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ မကြာခင် ရုံတင်တော့မယ့် Terminator: Dark Fate Movie အတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စပိန်မှာ ဒီလ ၂၉ ရက်တွင် ၂၂၉ ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၃၈၀ ၀၀၀ လောက်ရှိပါတယ်။ Redmi Note 8 Pro Terminator Edition ဟာ Theme နဲ့ Design ပဲ ကွဲပြားမှာ ဖြစ်ပြီး တခြား Specs တွေက ရိုးရိုး Redmi Note 8 Pro နဲ့ တူညီမှာပါ။


Redmi Note 8 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ လက်ရှိမှာတော့ Ice Jade, Fritillaria White နဲ့ Electro-optic Ash အရောင်တွေ ရောင်းပေးထားပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။


၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : gsmarena

Redmi Note 8 Pro Terminator Edition ကို ရောင်းတော့မယ်

%d bloggers like this: