64MP Camera ပါလာမယ့် OPPO Reno S

OPPO က စွမ်းရည်မြင့် Reno S ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ Reno Ace မှာလို 65W Super VOOC 2.0 Fast Charging နည်းပညာပါလာနိုင်ပါတယ်။ အနောက်ဘက် ပင်မ ကင်မရာအနေနဲ့ 48MP အစား 64MP ကို အသုံးပြုထားပါတယ်။ တခြား ကင်မရာ သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Reno Ace မှာတော့ 13MP Tele+8MP Ultrawide Cameras တွေကို အနောက်ဘက်မှာ အားဖြည့်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

OPPO Reno S ဟာ ၄၀၀၀၀ ရူပီးလောက်ရှိနိုင်ပြီး မြန်မာငွေနဲ့တွက်ရင် ၈၆၀ ၀၀၀ လောက်ရှိပါတယ်။ ဒီဇင်ဘာလ ပထမပတ်လောက်မှာ ထွက်လာနိုင်ပါတယ်။ ဈေးက မေလမှာ အိန္ဒိယမှာ ကြေညာခဲ့တဲ့ 6/128GB Reno 10x Zoom လောာက်ရှိပါတယ်။

OPPO K5 ကိုတော့ မကြာခင်ကပဲ ကြေညာထားပါတယ်။ သူက Snapdragon 730 Chipset ပါတဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ၆၇ ရာခိုင်နှုန်းအားသွင်းပေးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။ အနောက်ကင်မရာ ၄ လုံးပါပြီး AI scene recognition, Chrome boost, Super Nightscape နဲ့ Expert Mode လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ ဗီဒီယိုအတွက် EIS ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena

64MP Camera ပါလာမယ့် OPPO Reno S

%d bloggers like this: