SD855 ပါတဲ့ Vivo iQOO Neo 855 ကို ကြေညာပြီ

Vivo iQOO Neo 855 ရဲ့ သတင်းတွေ မကြာခင်က ထွက်ပေါ်လာပါတယ်။ အခုတော့ သူ့ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူဟာ Vivo iQOO Neo ကို အနည်းငယ်အဆင့်မြှင့်ထားတာ ဖြစ်ပြီး အစိတ်အပိုင်းအများစုက တူညီကြပါတယ်။

Vivo iQOO Neo 855 မှာ Snapdragon 855 Chipset နဲ့ အဆင့်မြှင့်ထားပါတယ်။ 12MP + 8MP + 2MP Triple Rear Camera နဲ့ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ 33W Fast Charging ပါတဲ့ 4500mAh Battery ထည့်သွင်းထားပါတယ်။ ၁၀ မိနစ်အားသွင်းရင် ၂၅ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

Waterdrop Notch ပါတဲ့ ၆.၃၈ လက်မ Super AMOLED Display တပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ Android Pie အခြေပြု Funtouch 9 မောင်းနှင်ထားပါတယ်။ Purple, Aurora White နဲ့ Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Gaming Smartphone ဖြစ်တဲ့ ဂိမ်းကစားရင် လျှင်မြန်သွက်လက်စေပြီး အပူချိန်လျှော့ချပေးတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။ Dual-WiFi Acceleration နည်းပညာက ဂိမ်းကစားရင် လိုင်းကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ MultiTurbo 2.0 နဲ့ Super Liquid Cooling System တွေ ထည့်ထားပါတယ်။ ဒီလ ၃၁ ရက်မှာ တရုတ်မှာ ရောင်းပေးမှာ ဖြစ်ပြီး 6/64GB ကို ၁,၉၉၈ ယွမ်နဲ့ 8/256GB ကို ၂,၆၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၃၀,၀၀၀ နဲ့ ၅၈၀,၀၀၀ လောက်ကျသင့်မှာပါ။

Ref : technave

SD855 ပါတဲ့ Vivo iQOO Neo 855 ကို ကြေညာပြီ

%d bloggers like this: