လာမယ့်နှစ်ကျမှ ခေါက်ချိုးဖုန်း ရောင်းမယ့် Microsoft

၂၀၁၉ ခုနှစ်မှာတော့ Foldable Smartphone တွေ စတင်ထွက်ပေါ်လာပါပြီ။ Samsung , Huawei တို့က ခေါက်ချိုး ဖုန်းတွေကို ကြေညာခဲ့ကြပြီးပါပြီ။ Microsoft ရဲ့ Andromeda လို့ အမည်ပေးထားတဲ့ Foldable Smartphone သတင်းဟာ လွန်ခဲ့တဲ့ လ အနည်းငယ် ကထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီ စမတ်ဖုန်းကို အရင်က ၂၀၁၉ ခုနှစ်မှာ ရောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ၂၀၁၉ ခုနှစ်လည်း ကုန်တော့မှာ ဖြစ်တဲ့အတွက် လာမယ့်နှစ်ကျမှသာ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီစမတ်ဖုန်းမှာ Windows Phone OS ကို ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ သူ့မှာ Windows OS လို လုပ်ဆောင်ချက်များ ပါလာမှာ ဖြစ်ပါတယ်။ သူ့ကို စမတ်ဖုန်းလိုသာမက တက်ဘလက်လိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာပဲ Microsoft က ခေါက်ချိုး ဖုန်း အစား Display ၂ ခုပါတဲ့ ခေါက်ချိုး Android Phone ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ နာမည်က Surface Duo ဖြစ်ပြီး ၅.၆ လက်မ Display ၂ ခု ပါပါတယ်။ Display ၂ ခုကို ခေါက်ချိုး သုံးနိုင်ပါတယ်။ Display ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက ထူလွန်းနေတာ ဒိတ်အောက်တဲ့ ဒီဇိုင်း ဖြစ်နေပါတယ်။ Samsung Galaxy Fold နဲ့ Huawei Mate X တို့လို ကွေးညွှတ် မျက်နှာပြင်ပါတဲ့ ဖုန်း မဟုတ်ပါဘူး။

Ref : gsmarena

လာမယ့်နှစ်ကျမှ ခေါက်ချိုးဖုန်း ရောင်းမယ့် Microsoft

%d bloggers like this: