Redmi Note 8T ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Redmi Note 8T ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အောက်ကပုံမှာ Redmi Note 8T က ဘယ်ဘက်နဲ့ Redmi Note 8 က ညာဘက်မှာ ယှဉ်ပြထားပါတယ်။ အနောက်ကင်မရာ ၄ လုံး၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Redmi Brand တွေအားလုံးဟာ ဖုန်း နှစ်လုံးမှာ တူညီနေပါတယ်။

Tipster Mukual Sharma ဟာ ဖုန်း ကုမ္ပဏီရဲ့ ထုတ်ကုန် အသစ်တွေကို ကြိုတင်ဟောကိန်းထုတ်ရာမှာ မှန်ကန်တဲ့ မှတ်တမ်းကောင်းရှိပါတယ်။ ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ သူက Redmi Note 8 Series Smartphone အသစ် ၁ လုံးကို Xiaomi က ဖန်တီးနေတယ်လို့ ပြောပါတယ်။ သူက အဲဒီဖုန်းဟာ Redmi Note 8T ဖြစ်ပြီး Snapdragon 730G Chipset ပါလာမယ်လို့ ပြောပါတယ်။

အခု ဓါတ်ပုံတွေကို မျှဝေလိုက်တဲ့ သူကတော့ Redmi Note 8T မှာ Snapdragon 730G Chipset ပါမယ်ဆိုတာကို ငြင်းဆန်ထားပြီး Redmi Note 8 နဲ့ Specs အားလုံးတူမယ်လို့ ပြောပါတယ်။ ကွာခြားချက်တစ်ခုထဲရှိပြီး Redmi Note 8T မှာ NFC Support ပါလာမယ်လို့ သူက ပြောပါတယ်။ Redmi ကတော့ Note 8T ကို ဖန်တီးနေတယ်ဆိုတာ အတည် မပြုထားသေးပါဘူး။

Ref : gizmochina

Redmi Note 8T ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

%d bloggers like this: