OPPO Myanmar မှ OPPO Reno2 l 2F စမတ်ဖုန်းသစ်မိတ်ဆက်ပွဲ အခမ်းအနားကို အနုပညာရှင်ပေါင်းများစွာရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတော့မည်

OPPO Myanmar ကနေ မြန်မာနိုင်ငံမှာ သုံးစွဲသူတွေကြား ရေပန်းစားခဲ့တဲ့ Reno Series ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Reno2 l 2F စမတ်ဖုန်းအသစ် မိတ်ဆက်ပွဲအခမ်းအနားကို လာမယ့် အောက်တိုဘာလ (၂၄)ရက်နေ့ Melia Hotel Yangon မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးသွားတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲအခမ်းအနားကို OPPO Brand Ambassador များဖြစ်ကြတဲ့ အကယ်ဒမီ ပိုင်ဖြိုးသု၊ ပိုင်တံခွန်၊ KOLs များဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်( Streamer Bo Paing Gyi)၊  အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ ဖုန်းသီရိကျော်၊ ယမင်းမေဦး နဲ့ သဇင်ထူးမြှင့် တို့က လက်တွဲပူးပေါင်း တက်ရောက်သွားကြမှာ ဖြစ်ပါတယ်။

OPPO     Myanmar     ကနေ    မိတ်ဆက်ပေးသွားတော့မယ့်   OPPO   Reno2  နဲ့     2F စမတ်ဖုန်း    တွေမှာဆိုရင်

“Quad Camera, Zoom into Imagination” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ သုံးစွဲသူတွေ စိတ်ကြိုက် စိတ်ကူးဥာဏ်ရှိသလောက် အလှပဆုံးပုံရိပ်တွေကို နီးနီးဝေးဝေး ဘယ်လိုအချိန်မျိုးမှာဘဲဖြစ်ဖြစ် နေ့ဘက်တွေအပြင် ညအချိန်ရိုက်ကူးမှုတွေမှာလည်း     အကောင်းဆုံးစွမ်းဆောင်ပေးမယ့်  Quad Camera   တွေပါဝင်လာမှာ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးမယ့် OPPO Reno2 ဟာဆိုရင် 5x Hybrid Zoom နဲ့ 20x Digital Zoom၊ မှောင်မိုက်တဲ့ညတွေမှာတောင် အကောင်းဆုံးရိုက်ကူးနိုင်မယ့် Ultra Dark Mode နဲ့ လှုပ်ရှားနေရင်တောင် အတည်ငြိမ်ဆုံး video တွေအဖြစ်ပြောင်းလဲပေးမယ့် Ultra Steady Video တွေ ပါဝင်လာတဲ့အတွက် စမတ်ဖုန်းသုံးစွဲသူတွေအကြိုက် ဖုန်းတစ်လုံး ဖြစ်လာမှာဘဲ ဖြစ်ပါတယ်။

Quad Camera setup၊ မြင်ကွင်းကျယ်ဓာတ်ပုံတွေသာမက မြင်ကွင်းကျယ် video တွေကိုပါ ရိုက်ကူးပေးနိုင်ဦးမယ့် Ultra Wide Angle Lens၊  သေသပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ညအချိန်ရိုက်ကူးမှုတွေမှာ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မယ့် Ultra Night Mode 2.0 တွေ လည်း ပါဝင်လာဦးမယ့် OPPO Reno2 F စမတ်ဖုန်းကိုလည်း Reno2 နဲ့အတူ မိတ်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။ OPPO Reno2 l 2F စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း အခုမိတ်ဆက်ပွဲမှာ တစ်ခါတည်း ကြေညာပေးသွားမှာ ဖြစ်သလို OPPO Myanmar Facebook Page ကနေ livestream ကြည့်ရှုသူများကို လည်း OPPO Reno2 F တစ်လုံးကို lucky draw အနေနဲ့ ချီးမြှင့်ပေးသွားဦးမှာ ဖြစ်တဲ့အတွက် OPPO Reno2 l 2F စမတ်ဖုန်းသစ် မိတ်ဆက်ပွဲကို လက်မလွှတ်တမ်း  စောင့်ကြည့်လိုက်ရအောင်။

#OPPOMYANMAR

%d bloggers like this: