Huawei P40 မှာ HarmonyOS နဲ့ Android တို့ ပူးတွဲထည့်ထားနိုင်

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ Huawei က ကိုယ်ပိုင် HarmonyOS ကို ဖန်တီးထားပါတယ်။ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် အနာဂတ်မှာ Android ကို မသုံးရတော့ဘူးဆိုရင် HarmonyOS ကို သုံးဖို့ ရည်ရွယ်ထားတာပါ။ HarmonyOS ပထမဆုံး ထည့်သွင်းထားတဲ့ Honor Vision TV ကိုလည်း ကုမ္ပဏီက ကြေညာပြီးပါပြီ။

အခုတော့ နောက်ထုတ်မယ့် P40 မှာ HarmonyOS နဲ့ Android တို့ ပူးတွဲထည့်ထားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Huawei က P Series တွေကို မတ်လမှာ ကြေညာလေ့ရှိတဲ့ အတွက် P40 ကိုလည်း လာမယ့်နှစ် မတ်လမှာပဲ မြင်ရနိုင်ပါယတ်။ လက်ရှိမှာ P40 ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် ထုံးစံအတိုင်း အလန်းစား စမတ်ဖုန်း ဖြစ်လာမှာပါ။

Huawei CEO Ren Zhengfei က သူတို့ရဲ့ HarmonyOS ဟာ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ Apple iOS ကို လိုက်ဖိုက်နိုင်မယ်လို့ မကြာခင်က ပြောလိုက်ပါတယ်။ HarmonyOS ဟာ အနာဂတ်မှာ စွမ်းရည် အရမ်းကို မြင့်မားလာမယ်လို့ သူက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူက “ Google ရဲ့ Android OS ကို ဆက်သုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ Google နဲ့လည်း ပူးပေါင်း အလုပ်လုပ်ချင်ပါတယ်။ အမေရိကန် အစိုးရက Google ကို ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ “ လို့ ပြောခဲ့ပါသေးတယ်။

Google ရဲ့ Android OS ကို သုံးလို့ မရတော့ရင်တော့ Huawei က နောက်ပိုင်းထုတ် စမတ်ဖုန်းတွေမှာ HarmonyOS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သြဂုတ်လက တရုတ်မှာ ကျင်းပခဲ့တဲ့ Developer Conference မှာ HarmonyOS ကို ကြေညာလိုက်ပါတယ်။ HarmonyOS ဟာ Open-source Platform ဖြစ်ပြီး Hongmeng OS ရဲ့ ဖိုင်နယ် နာမည် ဖြစ်ပါတယ်။ HarmonyOS ကို စမတ်ဖုန်း၊ စမတ် စပီကာ၊ ကွန်ပြူတာ၊ စမတ်နာရီ၊ ကြိုးမဲ့ နားကြပ်၊ ကား၊ တက်ဘလက် အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Ref : gizmochina

Huawei P40 မှာ HarmonyOS နဲ့ Android တို့ ပူးတွဲထည့်ထားနိုင်

%d bloggers like this: