OnePlus 6 နဲ့ OnePlus 6T အတွက် Android 10 အခြေပြု OxygenOS Beta ရပြီ

OnePlus 7 နဲ့ 7 Pro တို့အတွက် Android 10 ရသွားပါပြီ။ အခုတော့ OnePlus 6 နဲ့ 6T တို့ အလှည့် ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက သူတို့အတွက် Android 10 အခြေပြု OxygenOS Beta ကို ဖြန့်ချိပေးလိုက်ပါတယ်။

Update မှာ UI Design အသစ်ကို သုံးထားပါတယ်။ Privacy အတွက် Location Permissions တွေက တိုးတက်လာပါတယ်။ သင့် အကြိုက် ဂိမ်းတွေကို တစ်နေရာထဲမှာ စုစည်းပေးထားတဲ့ Game Space လုပ်ဆောင်ချက် အသစ် ပါလာပါတယ်။

ကုမ္ပဏီက Update ကို အင်စတော လုပ်မယ်ဆိုရင် ဘက်ထရီက ၃၀ ရာခိုင်နှုန်းနဲ့ 3GB Storage ရှိရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Beta Version ဖြစ်တဲ့ အတွက် Bugs အနည်းငယ် ရှိနိုင်ပါတယ်။ Stable Version ကိုတော့ နိုဝင်ဘာလမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Ref : gizmochina

OnePlus 6 နဲ့ OnePlus 6T အတွက် Android 10 အခြေပြု OxygenOS Beta ရပြီ

%d bloggers like this: