Gear Fit2 လက်ပတ်နဲ့ Gear IconX ကြိုးမဲ့နားကြပ် ကို Samsung စတင်မိတ်ဆက်

ဂျွန်လ ၂ ရက်နေ့က၊ နယူးယော့ခ်စီးတီးမှာ ပြုလုပ်သွားခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Samsung ဟာ Gear Fit 2 ကျန်းမာရေးလက်ပတ်နဲ့ Gear IconX လို့ခေါ်တဲ့ ကြိုးမဲ့နားကြပ်အသစ်တစ်မျိုးကို စတင်မိတ်ဆက်သွားခဲ့ ပါတယ်။

Gear Fit 2 လက်ပတ်ဟာ အရှေ့ကထွက်ထားတဲ့ Gear Fit ဒီဇိုင်းနဲ့ သိပ်ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ Gear Fit 2 မှာတော့ ၁.၅၅ လက်မအရွယ် Super AMOLED ဖန်သားပြင်က အနည်းငယ်ပိုကွေးသွားပြီး၊ လက်ပတ်ဘေးဘောင်သား နဲ့ တစ်သားတည်းဖြစ်နေတာကို တွေ့ရပါတယ်။

dual-core 1.0GHz ပရိုဆက်ဆာ ကိုအသုံးပြုထားပြီး၊ storage 4GB ပါရှိပါတယ်။ နှလုံးခုန်တိုင်းဆန်ဆာ၊ GPS တို့ ပါဝင်ပြီး၊ အပြင်ထွက်ပြေးတာ၊ စက်ဘီးစီးတာမျိုးမှာ ဖုန်းယူသွားစရာမလိုဘဲ၊ သင့်ရဲ့ လှုပ်ရှားမှုမှတ်တမ်းကို GPS နဲ့ မှတ်တမ်းတင်ပေးထားမှာဖြစ်ပါတယ်။ ဖုန်မှုန်နဲ့ ရေစိုခံနိုင်ရည် IP68 အဆင့်သတ်မှတ်ချက် ရရှိထားပါတယ်။ ဘက်ထရီအနေနဲ့ 200mAh ဘက်ထရီပါဝင်ပြီး၊ ဆက်တိုက်အသုံးပြုမယ်ဆို သုံးရက်နဲ့၊ standby ထားမယ်ဆို ၅ ရက်ခံတယ်လို့ ဆိုပါတယ်။

လက်ပတ် display ကနေ အချိန်ကိုလည်း ဖော်ပြပေးမှာဖြစ်တာကြောင့် နာရီအနေနဲ့လည်း ဖက်ရှင်ကျကျပတ်ထားလို့ရပါတယ်။

Samsung က ပထမဦးဆုံးထုတ်လုပ်လိုက်တဲ့ Gear IconX ကြိုးမဲ့နားကြပ်ကတော့ သီချင်းဝါသနာရှင်တွေ အကြိုက်တွေ့မယ့်နားကြပ်မျိုးဖြစ်ပြီး၊ Bluetooth စနစ်သုံးပဲ ဖြစ်ပါတယ်။ မိုက်တဲ့တစ်ချက်ကတော့ နားကြပ်ထဲမှာတင် storage 4GB ပါတာကြောင့်၊ သီချင်းတွေကို နားကြပ်ထဲထည့်ပြီး နားထောင်နေလို့ ရပါတယ်။

samsung-iconx-icon-x

နားထဲကို နားကြပ်ထည့်လိုက်ရုံနဲ့ အလိုအလျောက်ပွင့်လာပြီး၊ နားကြပ်ကို ပုတ်လိုက်ရုံနဲ့ သီချင်း ဖွင့်တာ၊ ပိတ်တာ၊ ကျော်တာတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ Gear IconX နားကြပ်မှာလည်း ခြေလှမ်းရေပေးထား တာာ၊ နှလုံးခုန်တိုင်းဆန်ဆာတွေ ပါရှိပြီး၊ S Health နဲ့ တွဲသုံးနိုင်ပါတယ်။

နားကြပ်ထဲထည့်ထားတဲ့ သီချင်းတွေကို နားထောင်ချိန် ၃.၅ နာရီခံပြီး၊ Bluetooth ကနေ streaming နားထောင်မယ်ဆိုရင်တော့ ၁.၅ နာရီသာခံပါတယ်။

Geart Fit 2 လက်ပတ်ကိုတော့ ယခုအခါ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ ဈေးနှုန်းက ဒေါ်လာ ၁၈၀ ရှိပါတယ်။ Gear IconX ရဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်နေ့ရက်ကိုတော့ မသိရသေးပါဘူး။

Ref: GSMArena

 

 

 

%d bloggers like this: