Redmi 8 နဲ့ 8A ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ

တန်ဖိုးနည်း Redmi 8 နဲ့ 8A ကို အိန္ဒိယမှာ ကြေညာပြီးနောက်မှာ ဒီလ ၁၄ ရက်နေ့က တရုတ်မှာ ရောင်းပေးလိုက်ပါတယ်။ သူတို့ ၂ လုံးမှာ ကင်မရာနဲ့ ဒီဇိုင်းအပိုင်းမှာပဲ အဓိက ကွာခြားတာပါ။ Redmi 8 မှာ Redmi K20 မှာ စသုံးခဲ့တဲ့ Aura Wave Glass Design အသစ်ကို သုံးထားပါတယ်။ 8A မှာ Plastic Aura Wave Grip Design ပါလာတာပါ။ မျက်နှာပြင်အရွယ်အစားက တူညီပြီး ၆.၂၂ လက်မ HD+ Display ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 8MP Selfie Camera တပ်ထားပါတယ်။

တခြား တူညီတာတွေက 12nm Snapdragon 439 Chipset , 3/4GB RAM , 32/64GB Storage နဲ့ microSD Card Slot တွေ ဖြစ်ပါတယ်။ အနောက်ဘက်က 12MP Sensor ကလည်း တူပါတယ်။ ဒါပေမယ့် Redmi 8 မှာ အပို 2MP Depth Sensor နဲ့ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 5,000mAh Battery ပါလာပြီး 18W Fast Charging ထည့်ထားပါတယ်။

Redmi 8 ရဲ့ 3/32GB Model ကို ၇၉၉ ယွမ်နဲ့ 4/64GB Model ကို ၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၇၀ ၀၀၀ နဲ့ ၁၉၀ ၀၀၀ လောက်ရှိပါတယ်။ Redmi 8A ရဲ့ 3/32GB Model ကို ၆၉၉ ယွမ်နဲ့ 4/32GB Model ကို ၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၅၀ ၀၀၀ နဲ့ ၁၇၀ ၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

Redmi 8 နဲ့ 8A ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ

%d bloggers like this: