OnePlus 7T Series ကို အမေရိကန်နဲ့ ဥရောပမှာ ရောင်းပြီ

OnePlus 7T နဲ့ 7T Pro တို့ကို ကမ္ဘာအဝန်းမှာ ရောင်းပေးနေပါပြီ။ ဥရောပမှာ 7T ကို ယူရို ၆၀၀ သတ်မှတ်ထားပြီး Glacier Blue နဲ့ Frosted Silver အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 8GB RAM နဲ့ 128GB Storage Model ၁ မျိုးသာ ရွေးချယ်နိုင်ပါတယ်။

Pro Model ကို ယူရို ၇၆၀ သတ်မှတ်ထားပြီး Haze Blue ၁ ရောင်သာ ဝယ်ယူနိုင်ပါတယ်။ 8/256GB Model ၁ မျိုးသာရွေးချယ်နိုင်ပါတယ်။ McLaren Edition (12/256GB) ကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ရောင်းချမှာဖြစ်ပါတယ်။

ဗြိတိန်မှာ 7T ကို စတာလင်ပေါင် ၅၅၀ နဲ့ Pro ကို စတာလင်ပေါင် ၇၀၀ သတ်မှတ်ထားပါတယ်။ ဖုန်းအဟောင်းနဲ့လဲပေးတဲ့ အစီအစဉ်ရှိပြီး ယူရို ၁၇၀ ဈေးသက်သာမှာပါ။ ကျောင်းသားတွေအတွက် ဖုန်းဝယ်ရင် ၅ ရာခိုင်နှုန်းနဲ့ Accessories ဝယ်ရင် ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထားပါတယ်။

အမေရိကန်မှာတော့ OnePlus 7T ကိုသာ ရောင်းပေးထားပြီး ၆၀၀ ဒေါ်လာရှိပါတယ်။ ရွေးချယ်စရာ Memory Option မရှိပါဘူး။ ရွေးချယ်နိုင်ပါတယ်။ 8GB RAM နဲ့ 128GB Storage Model ၁ မျိုးသာ ရွေးချယ်နိုင်ပါတယ်။ အရောင်ကိုပဲ ရွေးချယ်နိုင်ပါတယ်။ 7T Pro ကို မရောင်းပေးသေးပါဘူး။

Ref : gsmarena

OnePlus 7T Series ကို အမေရိကန်နဲ့ ဥရောပမှာ ရောင်းပြီ

%d bloggers like this: