Huawei Nova 5 ကို တခြား Nova 5 Series တွေနဲ့အတူ ဒီနှစ် ဇွန်လကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Huawei က နောက်မျိုးဆက် ဖြစ်တဲ့ Nova 6 ကို စတင် ဖန်တီးနေပြီလို့ထင်ရပါတယ်။
ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်က ထွက်လာတဲ့ သတင်းအရ Huawei ဟာ Nova 6 အတွက် 5G Model ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ လက်ရှိမှာ Nova 6 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။
Huawei က Nova 5 ကို ဒီနှစ်လယ်လောက်ကမှ ကြေညာထားတာ ဖြစ်တဲ့ အတွက် Nova 6 ကို လာမယ့်နှစ်လယ်လောက်ကျမှသာ ပွဲထုတ်နိုင်ပါတယ်။ လာမယ့်လတွေမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုပြီး သိလာရမှာပါ။
လက်ရှိမှာ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာပဲ 5G ဆက်သွယ်မှုကို ထည့်သွင်းထားကြတာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေရဲ့ ဈေးက အရမ်းကို မြင့်မားပါတယ်။ Samsung ကတော့ စွမ်းရည်သင့် Galaxy A90 5G ကို ထုတ်လုပ်ထားပြီး ဈေးသင့်တဲ့ 5G Phone ဖြစ်ပါတယ်။ Huawei Nova 6 5G Model ဟာလည်း အခြေခံ လူတန်းစားတွေ ကိုင်နိုင်တဲ့ 5G Phone ဖြစ်လာမှာပါ။
Ref : gsmarena
5G Model ပါထွက်လာမယ့် Huawei Nova 6