Punch-hole Display နဲ့ Quad Camera ပါတဲ့ OnePlus 8 Pro ထွက်ပေါ်လာ

OnePlus 7T နဲ့ 7T Pro တို့ကို မိတ်ဆက်ထားတာ ၁ လတောင်မရှိသေးပါဘူး။ အခုတော့ OnePlus 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်လာပါတယ်။ ဓါတ်ပုံတွေအရ OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ OnePlus 7 Pro နဲ့ 7T Pro တို့မှာတော့ Notch ထည့်ထားတာပါ။

မကြာခင်ကလည်း OnePlus 8 ရဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ Pro နဲ့ 8 တို့ရဲ့ ဒီဇိုင်းကတော်တော် တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့ အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece က ပိုကြီးပါတယ်။ Pro ရဲ့ မျက်နှာပြင်အထက်က ဘောင်က အနည်းငယ်ပိုထူနေပါတယ်။

OnePlus 8 Pro ရဲ့ ခလုတ်တွေ၊ စပီကာ၊ USB-C Port နဲ့ SIM Card Slot တွေက OnePlus 8 နဲ့ တူနေပါတယ်။ ဒါပေမယ့် Pro က ဝ.၇ မီလီမီတာ ပိုထူနေပါတယ်။ Pro မှာ ၆.၆၅ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး 8 ထက် ဝ.၁၅ လက်မ ပိုကြီးပါတယ်။ 8 Pro နဲ့ 8 ၂ လုံးစလုံးရဲ့ မျက်နှာပြင်တွေက 90Hz Refresh Rate ကိုထောက်ပံ့ပါတယ်။ ဒါ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီက နောက်ထုတ်မယ့် ဖုန်းအားလုံးမှာ 90Hz Display ပါမယ်လို့ ပြောထားပါတယ်။ နောက်နှစ် မေလလောက်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

Punch-hole Display နဲ့ Quad Camera ပါတဲ့ OnePlus 8 Pro ထွက်ပေါ်လာ

%d bloggers like this: