Under-display Camera ပါတဲ့ Samsung Phone လာမယ့်နှစ်မှာ လာမည်

မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားတဲ့ စမတ်ဖုန်း နည်းပညာဟာ ခေတ်စားလာတော့မှာပါ။ Samsung ကလည်း အဲဒီ နည်းပညာပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ အစောဆုံး အနေနဲ့ လာမယ့်လမှာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။

ကုမ္ပဏီက တစ်လကို အလုံးရေ ၃၀ ၀၀၀ ထုတ်ဖို့ စီစဉ်ထားပါတယ်။ Galaxy S11 မှာ မဟုတ်ဘဲ Galaxy Fold ရဲ့ မျိုးဆက်မှာ ဒီနည်းပညာ ထည့်ထားနိုင်ပါတယ်။ Samsung က မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ နည်းပညာနဲ့ ပတ်သက်တဲ့ နည်းပညာ စိန်ခေါ်မှုတချို့ကို ရင်ဆိုင်နေရပါသေးတယ်။ ဒီနည်းပညာအတွက် မျက်နှာပြင်ဟာ ဖောက်ထွင်းမြင်ရတဲ့ အမျိုးအစား ဖြစ်ဖို့လိုပြီး OLED Panel တွေဟာ ဆန်ဆာကို လာတဲ့ အလင်းတွေကို ကောင်းစွာ မစုပ်ယူနိုင်တဲ့အတွက် ဓါတ်ပုံအရည်အသွေး ကျဆင်းတတ်ပါတယ်။ အဲဒီအတွက် Samsung က ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပါတယ်။

ပထမအနေနဲ့ OLED Panel ကို တတ်နိုင်သလောက် ဖောက်ထွင်းမြင်ရအောင် ပြုလုပ်ရမှာပါ။ ဒုတိယ အနေနဲ့ အလင်းစုပ်ယူမှုကို လျော့ကျအောင် ဆော့ဖ်ဝဲ နည်းပညာကို ဖန်တီးရမှာပါ။ ဒီနည်းပညာဟာ အကောင်းဆုံး အနေအထားကိုရောက်ဖို့ အချိန်ယူရဦးမယ်ထင်ပါတယ်။

Ref : gsmarena

Under-display Camera ပါတဲ့ Samsung Phone လာမယ့်နှစ်မှာ လာမည်

%d bloggers like this: