Motorola ရဲ့ ခေါက်ချိုး ဖုန်း RAZR ကို နိုဝင်ဘာလမှာ ကြေညာနိုင်

Motorola က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ထုတ်ကုန် မိတ်ဆက်ပွဲအတွက် ဖိတ်စာတွေ ဝေနေပါတယ်။ အဲဒီပွဲမှာ သတင်းများစွာထွက်နေတဲ့ ခေါက်ချိုး ဖုန်း RAZR ကို ကြေညာနိုင်ပါတယ်။ အရင်သတင်းတွေအရ ဈေးကတော့ ယူရို ၁၅၀၀ ပါ။ Galaxy Fold နဲ့ Huawei Mate X တို့ထက် ဈေးသက်သာမှာပါ။ သူ့ရဲ့ အပြင်ဘက်မှာ မျက်နှာပြင်ငယ် ၁ ခု ပါပြီး Notifications နဲ့ Status Icon တွေကို ပြသပေးပါတယ်။ Yanko Design က Sarang Sheth ဖန်တီးထားတဲ့ သူ့ရဲ့ Concept Image တွေကို လေ့လာနိုင်ပါတယ်။ သူဟာ ဒီဇိုင်းအပိုင်းမှာ Samsung Galaxy Fold နဲ့ Huawei Mate X တို့ထက် လန်းအောင်ပြုလုပ်ထားမှာပါ။

Motorola Razr ဟာ ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ မတူညီတဲ့ ဒီဇိုင်းများနဲ့ ခေါက်ချိုး ဖုန်းများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Razr ရဲ့ ဒီဇိုင်းကလည်း တစ်မျိုးကွဲထွက်နေပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ ခေါက်ချိုးဖုန်းများက စွမ်းရည်မြင့်များပါ။ ဒါပေမယ့် Razr မှာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 2730mAh Battery သာ ပါမှာဖြစ်တဲ့ အတွက် ဘက်ထရီသက်တမ်း အားနည်းပေမယ့် ပေါ့ပါးမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားကို မသိရသေးပါဘူး။ အနက်၊ အဖြူနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina

Motorola ရဲ့ ခေါက်ချိုး ဖုန်း RAZR ကို နိုဝင်ဘာလမှာ ကြေညာနိုင်

%d bloggers like this: