RedmiBook 14 Ryzen Edition ကို ရောင်းပြီ

Xiaomi က RedmiBook 14 ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ Ryzen Edition ကို တရုတ်မှာ ဒီလ ၂၁ ရက်နေ့ ရောင်းပေးတော့မှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၄၀ ၀၀၀ လောက်ရှိပါတယ်။ မော်ဒယ် ၄ ခု ထုတ်လုပ်ပေးထားပြီး အောက်မှာ Specs တွေနဲ့ ဈေးနှုန်းတွေကို လေ့လာပါ။

• AMD Ryzen 5 3500U + 8GB RAM + 256GB storage – 2,999 Yuan (~$424)
• AMD Ryzen 7 3700U + 8GB RAM + 512GB storage – 3,799 Yuan (~$537)
• AMD Ryzen 7 3700U + 16GB RAM + 512GB storage – TBA

သူ့မှာ ၁၄ လက်မ မျက်နှာပြင်နဲ့ Screen-to-body Ratio က ၈၁.၂ ရာခိုင်နှုန်းရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အသံအရည်အသွေး လန်းစေမယ့် Dolby DTS ပါလာနိုင်ပါတယ်။ အရင်က AMD Ryzen 5 3500U နဲ့ AMD Ryzen 7 3700U processor ၂ မျိုး ထည့်ထားမယ်လို့ ကုမ္ပဏီက ပြောထားဖူးပါတယ်။ 16GB RAM နဲ့ 512GB Storage ထည့်ထားမှာပါ။

Ref : gizmochina

RedmiBook 14 Ryzen Edition ကို ရောင်းပြီ

%d bloggers like this: