မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ OPPO Reno Ace

OPPO Reno Ace ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ ကုမ္ပဏီက ပထမဆုံး အသုတ်မှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရောင်းချရတဲ့ အရေအတွက်ကိုတော့ မပြောပါဘူး။ တန်ဖိုးအနည်းဆုံး မော်ဒယ် ဖြစ်တဲ့ 8/128GB ကို ယွမ် ၂၉၉၉ နဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ် ဖြစ်တဲ့ 12/256GB ကို ယွမ် ၃၇၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၄၀ ၀၀၀ နဲ့ ၈၂၀ ၀၀၀ လောက်ရှိပါတယ်။

သူ့မှာ ၆.၅ လက်မ Full HD+ AMOLED Display , 91.7% Screen-To-Body Ratio, 90Hz Refresh Rate နဲ့ 135Hz Touch Sampling Rate တွေ ပါပါတယ်။ Snapdragon 855+ နဲ့ Android Pie အခြေပြု ColorOS မောင်းနှင်ထားပါတယ်။

အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 65W SuperVOOC Flash Charge က ဖုန်းရဲ့ 4,000mAh Battery ကို ၃၀ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေးနိုင်ပါတယ်။ ၅ မိနစ်အားသွင်းရင် ၆ နာရီ ဖုန်း ပြောနိုင်ပါတယ်။ Blue နဲ့ Violet အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OPPO Reno Ace specifications

• 6.5-inch (2400 × 1080 pixels) Full HD+ AMOLED display with 90Hz refresh rate
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 8GB LPDDR4X RAM with 128GB / 256GB (UFS 3.0) storage / 12GB LPDDR4X RAM with 256GB (UFS 3.0) storage
• Android 9.0 (Pie) with ColorOS 6.1
• Dual SIM
• 48MP rear camera with LED flash, 1/2.25″ Sony IMX586 sensor, f/1.7 aperture, 0.8um pixel size, PDAF, OIS, EIS, 8MP 116-degree Ultra Wide Lens, 13MP 1/3″ telephoto lens with f/2.4 aperture for 5x Hybrid Optical Zoom, 20X digital zoom, 2MP mono lens
• 16MP front-facing camera
• 3.5mm audio jack, Stereo Speakers, Dolby Atmos
• In-display fingerprint sensor
• Dimensions: 161×75.7×8.7mm; Weight: 200g
• Dual 4G VoLTE, WiFi 802.11ac dual-band (2×2 MU-MIMO ), Bluetooth 5, GPS/GLONASS/Beidou, USB Type-C, NFC
• 4000mAh (Typical) / 3900mAh (minimum) battery with 65W SuperVOOC 2.0 Flash Charge

Ref : fonearena

မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ OPPO Reno Ace

%d bloggers like this: