Meizu VP က 16T ရဲ့ ဓါတ်ပုံကို ပြလိုက်ပြီ

Meizu 16T ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံကို ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌက မျှဝေလိုက်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး ဘယ်ဘက်အပေါ်ထိပ်နားမှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ Flash ထည့်ထားပြီး အောက်ဘက် အလယ်နားမှာ Meizu Logo ရေးထွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မပါတဲ့ အတွက် စကရင်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။

Meizu က 16T ရဲ့ Specs တွေကို အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ဒါပေမယ့် AnTuTu နဲ့ TENAA က စာရင်းတွေအရ သူ့မှာ Snapdragon 855 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB/128GB နဲ့ 8GB/256GB Model တွေ ထုတ်လုပ်ထားမှာပါ။

၆.၅ လက်မ FHD+ Display နဲ့ 16MP Selfie Camera ပါလာမှာပါ။ အနောက်ဘက်မှာ 12MP Main Camera ကို 10MP , 5MP Camera တွေနဲ့ ပူးတွဲထားမှာပါ။ Android Pie မောင်းနှင်ထားမှာ ဖြစ်ပြီး 4,400mAh Battery ပါလာမှာပါ။

မကြာသေးခင်ကပဲ တရုတ် အွန်လိုင်းစတိုး ၁ ခုက ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး ဈေးနှုန်းကိုလည်း ဖော်ပြထားပါတယ်။ ယွမ် ၂၄၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၅၃၀ ၀၀၀ လောက်ရှိပါတယ်။ 128GB နဲ့ 256GB Storage ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ဒါဟာ 128GB Storage Model ရဲ့ ဈေး ဖြစ်နိုင်ပါတယ်။

Ref : gsmarena

Meizu VP က 16T ရဲ့ ဓါတ်ပုံကို ပြလိုက်ပြီ

%d bloggers like this: