Redmi Note 8 နဲ့ Note 8 Pro ကို အိန္ဒိယမှာ ရောင်းပြီ

တရားဝင် ကြေညာပြီး တစ်လကျော် အကြာမှာ Redmi Note 8 နဲ့ Note 8 Pro ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ Note 8 ရဲ့ 4/64GB ကို ၉၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၂၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂၁၀ ၀၀၀ နဲ့ ၂၇၀ ၀၀၀ လောက်ရှိပါတယ်။ Note 8 Pro ရဲ့ 6/64GB ကို ၁၄ ၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၇ ၉၉၉ ရူပီး ကျသင့်ပြီး ၃၂၀ ၀၀၀ နဲ့ ၃၈၀ ၀၀၀ လောက်ရှိပါတယ်။ သူတို့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Redmi Note 8

Note 8 မှာ Snapdragon 665 Chipset ထည့်သွင်းထားပြီး 11 nm Process နဲ့ တည်ဆောက်ထားပါတယ်။ Kryo 260 Core ၈ လုံး ပါပါတယ်။ အနောက်ဘက်မှာ 48MP Samsung ISOCELL GM2 Sensor , 8MP Ultrawide , 2MP Depth , 2MP Macro Cameras တွေ ထည့်သွင်းထားပါတယ်။ 13MP Selfie Camera တပ်ဆင်ထားပါတယ်။

Redmi Note 8 မှာ ၆.၃ လက်မ Full HD+ Display ပါပြီး တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့ အတွက် OLED တော့ မသုံးထားပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပါဘူး။ 18W Charging ပါတဲ့ 4,000mAh Battery ပါပြီး USB-C Port ကနေ အားသွင်းရမှာပါ။ အနက်၊ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပါတယ်။

လက်ရှိမှာတော့ Ice Jade, Fritillaria White နဲ့ Electro-optic Ash အရောင်တွေ ရောင်းပေးထားပါတယ်။ သူဟာ 64MP Camera ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Samsung ရဲ့ ISOCELL Bright GW1 Sensor ဖြစ်ပြီး Quad-binning Pixel နည်းပညာ ထည့်သွင်းထားပါတယ်။
၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : gsmarena

Redmi Note 8 နဲ့ Note 8 Pro ကို အိန္ဒိယမှာ ရောင်းပြီ

%d bloggers like this: