OnePlus 7T ရဲ့ 90Hz Display ကို ထောက်ပံ့တဲ့ ဂိမ်းစာရင်းကို ကြေညာ

[Unicode]

မကြာခင်က ကြေညာခဲ့တဲ့ OnePlus 7T Series တွေမှာ 90Hz Refresh Rate Display ပါလာပါတယ်။ Display ရဲ့ တုန့်ပြန်မှုက အရမ်းမြန်တဲ့ အတွက် ဂိမ်းကစားရင် အရမ်း မိုက်ပါတယ်။ ဒါပေမယ့် 90Hz Display ကိုထောက်ပံ့တဲ့ ဂိမ်းတွေမှာပဲ လျှင်မြန်မှာပါ။ အခုတော့ ကုမ္ပဏီက ထောက်ပံ့တဲ့ ဂိမ်းစာရင်းကို ကြေညာလိုက်ပါတယ်။

“Peace Elite”, “Ace Warrior”, “Fort Frontline”, “QQ Speeding”, “Crossing the FireWire”, “Quantum Special Attack”, “New Swordsman” နဲ့ တခြား ဂိမ်း ၇ ခုဟာ 90Hz Refresh Rate Display ကို ထောက်ပံ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

OnePlus 7T ရဲ့ Specs တွေကို ပြန်လေ့လာကြည့်ရအောင်။ သူ့ရဲ့ 20:0 Aspect Ratio က မျက်နှာပြင် အရှည် ဒီဇိုင်းဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေကြည့်လို့ အရမ်းမိုက်သလို HDR10+ က အရောင်အသွေး ပိုစုံလင်စေပါတယ်။ အပူလျှော့ချပေးတဲ့ နည်းပညာလည်း ပါပါတယ်။ နောက်ဆုံးထုတ် Android 10 အခြေပြု OxygenOS 10 ပါတာက စိတ်ကျေနပ်စရာပါ။

အနောက်ကင်မရာ ၃ လုံး ပါလာပြီး 48MP Main Camera နဲ့အတူ မြင်ကွင်းကျယ်နဲ့ အနီးကပ် ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ 16MP Camera ပါပါတယ်။ ဒါ့အပြင် 2x Optical Zoom ပါတဲ့ 12MP Telephoto Camera ထည့်ထားပါတယ်။ Nightscape Mode က အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးပါတယ်။

အရှေ့နဲ့ အနောက်ကို 3D Gorilla Glass နဲ့ ကာကွယ်ထားတဲ့ အတွက် အကြမ်းခံပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ Warp Charge 30T က နာရီဝက်အတွင်းမှာ 3,800mAh Battery ကို ၇၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ 128GB Storage ကို ရူပီး ၃၈,၀၀၀ နဲ့ 256GB Storage ကို ရူပီး ၄၀,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၂၀,၀၀၀ နဲ့ ၈၆၀,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။

OnePlus 7T specifications

• 6.55-inch (2400 x 1080 pixels) Full HD+ 20:9 aspect ratio Fluid AMOLED display with 90Hz refresh rate, HDR10+ sRGB color gamut, DCI-P3 color gamut, 3D Corning Gorilla Glass protection
• Octa-Core Snapdragon 855 Plus (1 x Kryo 485 at 2.96GHz + 3 x Kryo 485 at 2.42GHz + 4 x Kryo 385 at 1.8GHz) 7nm Mobile Platform with 675MHz Adreno 640 GPU
• 8GB LPDDR4X RAM with 128GB / 256GB (UFS 3.0) storage
• Android 10 with OxygenOS 10.0
• Dual SIM (nano + nano)
• 48MP rear camera with Dual LED Flash, f/1.6 aperture, 1/2.25″ Sony IMX586 sensor, 0.8μm pixel size, OIS, EIS, 4K 60fps, Super Slow Motion 1080p at 240 fps, 720p at 960fps, 16MP 117° ultra-wide sensor with f/2.2 aperture, 2.5cm macro, 12MP telephoto lens with f/2.2 aperture for 2x optical zoom
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 1.0μm pixel size
• In-display fingerprint sensor
• Dimensions: 160.94×74.44×8.13mm; Weight: 190g
• USB Type-C audio,Stereo Speakers, Dolby Atmos
• 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz) 2×2 MIMO, Bluetooth 5, GPS (L1 + L2 Dual Band) + GLONASS, USB Type-C
• 3800mAh battery with Warp Charge 30T fast charging (5V/6A)

Ref : fonearena

[Zawgyi]








• Dual SIM (nano + nano)

Ref : fonearena

%d bloggers like this: