8th Gen Intel Core Processor ပါတဲ့ Google Pixelbook Go ကို ကြေညာ

Google က ထိတွေ့မျက်နှာပြင်နဲ့ ChromeOS ပါတဲ့ Pixelbook Go Laptop ကို မိတ်ဆက်လိုက်ပါတယ်။ ၂၀၁၇ ထုတ် မော်ဒယ်ထက် ဘက်ထရီ ပိုကြီးလာပါတယ်။ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ 8th Gen Intel Core i7 Processor , 4K Resolution , 16GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။

ChromeOS က သွက်လက်ပေါ့ပါးပါတယ်။ 1080p Webcam နဲ့ အရှေ့ကို မျက်နှာမူထားတဲ့ စပီကာ နှစ်ခု ထည့်ထားပါတယ်။ ဘက်ထရီသက်တမ်းက ၁၂ နာရီ ဖြစ်ပြီး မိနစ် ၂၀ အားသွင်းရင် ၂ နာရီ အသုံးခံပါတယ်။

Google Pixelbook Go specifications

• 13.3-inch FULL HD (1920 x 1080 pixels) / 4K Ultra HD Molecular Display (3830 x 2160 pixels)
• 8th Gen Intel Core m3 / Core i5 / Core i7 processor
• Up to 16GB RAM
• Up to 256GB SSD
• Full size backlit keyboard; Hush keys
• Wi-Fi 802.11 a/b/g/n/ac, 2×2 (MIMO), dual-band 2.4 GHz and 5GHz; Bluetooth 4.2
• 2MP Duo Cam with f/2.0 aperture; capable of recording 1080p videos at 60fps
• Ambient Light sensor, Magnetic sensor
• 2 x USB Type-C charging and display output, 3.5mm headphone jack
• Titan-C security chip, built-in FIDO authenticator
• Dimensions: 311 x 206.3 x 13.4 mm (L x W x H); Weight: 1090g
• 47Wh battery (FULL HD display variant) / 56Wh battery (4K display variant); USB Type-C 45W charge adapter (5V/3A, 9V/3A, 15V/3A, 20V/2.25A)

တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ Intel Core m3, 8GB RAM, 64GB Storage တွေ ပါပြီး ၆၄၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ Core i7, 16GB RAM နဲ့ 256GB Storage ထည့်ထားပြီး ၁၃၉၉ ဒေါ်လာ ကျသင့်ပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၂၁ သိန်းလောက်ရှိပါတယ်။

Ref : fonearena

8th Gen Intel Core Processor ပါတဲ့ Google Pixelbook Go ကို ကြေညာ

%d bloggers like this: