ဖုန်း အလုံးရေ ၁၇ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme

[Unicode]

Realme က မကြာခင်ကပဲ မက်ဒရစ်မှာ X2 Pro ကို ကြေညာခဲ့ပြီး Realme X2 နဲ့ Realme 5 Pro ကိုလည်း ဥရောပမှာ မိတ်ဆက်လိုက်ပါတယ်။ ဖုန်း အသစ်တွေနဲ့အတူ Realme က သတင်းစကားတစ်ခုကိုလည်း ပါးလိုက်ပါတယ်။ အဲဒါကတော့ ကုမ္ပဏီဟာ ကမ္ဘာအဝန်းမှာ ဖုန်း အလုံးရေ ၁၇ သန်းကျော် ရောင်းချနိုင်ပြီဆိုတာပါ။

Realme 1 ကို ကြေညာခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့အတွင်း ရောင်းချခဲ့ရတဲ့ အရေအတွက် ဖြစ်ပါတယ်။ အဲဒီ ကာလအတွင်းမှာ ကုမ္ပဏီဟာ စမတ်ဖုန်း မော်ဒယ်များစွာကို ဈေးချိုချိုနဲ့ ရောင်းချပေးခဲ့တဲ့အတွက် လူကြိုက်အရမ်းများလာတာ ဖြစ်ပါတယ်။

လက်ရှိမှာ Realme ဟာ India, Indonesia, Vietnam, Thailand, Philippines, Malaysia, Singapore, Myanmar, Pakistan, Nepal, Bangladesh, United Arab Emirates, Egypt, Italy, Spain, France, England, Russia နဲ့ China အပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှာ စမတ်ဖုန်းတွေ ရောင်းချပေးနေပါတယ်။ လူငယ်တွေအတွက် စတိုင်ကျတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref : gsmarena

[Zawgyi]

ဖုန္း အလံုးေရ ၁၇ သန္း ေရာင္းခ်ႏုိင္ၿပီ ျဖစ္တဲ့ Realme

Realme က မၾကာခင္ကပဲ မက္ဒရစ္မွာ X2 Pro ကို ေၾကညာခဲ့ၿပီး Realme X2 နဲ႔ Realme 5 Pro ကိုလည္း ဥေရာပမွာ မိတ္ဆက္လိုက္ပါတယ္။ ဖုန္း အသစ္ေတြနဲ႔အတူ Realme က သတင္းစကားတစ္ခုကိုလည္း ပါးလိုက္ပါတယ္။ အဲဒါကေတာ့ ကုမၸဏီဟာ ကမာၻအ၀န္းမွာ ဖုန္း အလံုးေရ ၁၇ သန္းေက်ာ္ ေရာင္းခ်ႏုိင္ၿပီဆိုတာပါ။

Realme 1 ကို ေၾကညာခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေမလ ၁၆ ရက္ေန႔ကေန ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၈ ရက္ေန႔အတြင္း ေရာင္းခ်ခဲ့ရတဲ့ အေရအတြက္ ျဖစ္ပါတယ္။ အဲဒီ ကာလအတြင္းမွာ ကုမၸဏီဟာ စမတ္ဖုန္း ေမာ္ဒယ္မ်ားစြာကို ေစ်းခ်ိဳခ်ိဳနဲ႔ ေရာင္းခ်ေပးခဲ့တဲ့အတြက္ လူႀကိဳက္အရမ္းမ်ားလာတာ ျဖစ္ပါတယ္။

လက္ရွိမွာ Realme ဟာ India, Indonesia, Vietnam, Thailand, Philippines, Malaysia, Singapore, Myanmar, Pakistan, Nepal, Bangladesh, United Arab Emirates, Egypt, Italy, Spain, France, England, Russia နဲ႔ China အပါအ၀င္ ႏုိင္ငံေပါင္း ၁၉ ခုမွာ စမတ္ဖုန္းေတြ ေရာင္းခ်ေပးေနပါတယ္။ လူငယ္ေတြအတြက္ စတိုင္က်တဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်ေပးဖို႔ ရည္ရြယ္ထားပါတယ္။

Ref : gsmarena

%d bloggers like this: