iPhone SE 2 ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းနိုင်

iPhone SE 2 ကို ၂၀၂၀ ခုနှစ် မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က သူ့ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်လို့ ပြောပါတယ်။ တန်ဖိုးချိုတဲ့ iPhone ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ပဲရှိပါတယ်။

iPhone SE 2 မှာ အရင်မျိုးဆက်တွေရဲ့ ကိုယ်ထည် ဒီဇိုင်းကိုပဲ သုံးထားမယ်လို့ သတင်းထွက်နေတဲ့ အတွက် အံ့အားသင့်စရာကောင်းပါတယ်။ A13 Chipset , 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။

iPhone SE 2 ဟာ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပေမယ့် 3D Touch အစား Haptic Touch ကို အစားထိုးထားမှာ ဖြစ်ပါတယ်။ iPhone 8 ရဲ့ 64GB ဟာ ၄၄၉ ဒေါ်လာဖြစ်ပြီး iPhone SE 2 မှာ ဒေါ်လာ ၅၀ လောက်သက်သာအောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ iPhone SE Series တွေဟာ တန်ဖိုးနည်း စမတ်ဖုန်း နှစ်သက်သူတွေ Apple ပလက်ဖောင်းကို ပြောင်းလာအောင် အဓိက စွဲဆောင်ဖို့ ဖြစ်ပါတယ်။

နှစ်တိုင်း စွမ်းရည်မြင့် iPhone တွေရဲ့ ဈေးက မြင့်မားလာတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်ဖို့ ဆိုတာ Apple အတွက် အရမ်းကို အရေးကြီးပါတယ်။

Ref : gizmochina

iPhone SE 2 ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းနိုင်

%d bloggers like this: