iPhone SE 2 ကို ၃၉၉ ဒေါ်လာနဲ့ ရောင်းနိုင်

[Unicode]

iPhone SE 2 ကို ၂၀၂၀ ခုနှစ် မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က သူ့ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်လို့ ပြောပါတယ်။ တန်ဖိုးချိုတဲ့ iPhone ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ပဲရှိပါတယ်။

iPhone SE 2 မှာ အရင်မျိုးဆက်တွေရဲ့ ကိုယ်ထည် ဒီဇိုင်းကိုပဲ သုံးထားမယ်လို့ သတင်းထွက်နေတဲ့ အတွက် အံ့အားသင့်စရာကောင်းပါတယ်။ A13 Chipset , 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။

iPhone SE 2 ဟာ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပေမယ့် 3D Touch အစား Haptic Touch ကို အစားထိုးထားမှာ ဖြစ်ပါတယ်။ iPhone 8 ရဲ့ 64GB ဟာ ၄၄၉ ဒေါ်လာဖြစ်ပြီး iPhone SE 2 မှာ ဒေါ်လာ ၅၀ လောက်သက်သာအောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ iPhone SE Series တွေဟာ တန်ဖိုးနည်း စမတ်ဖုန်း နှစ်သက်သူတွေ Apple ပလက်ဖောင်းကို ပြောင်းလာအောင် အဓိက စွဲဆောင်ဖို့ ဖြစ်ပါတယ်။

နှစ်တိုင်း စွမ်းရည်မြင့် iPhone တွေရဲ့ ဈေးက မြင့်မားလာတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်ဖို့ ဆိုတာ Apple အတွက် အရမ်းကို အရေးကြီးပါတယ်။

Ref : gizmochina

[Zawgyi]

iPhone SE 2 ကို ၃၉၉ ေဒၚလာနဲ႔ ေရာင္းႏိုင္

iPhone SE 2 ကို ၂၀၂၀ ခုႏွစ္ မတ္လမွာ ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။ Apple အေရး ေလ့လာဆန္းစစ္သူ Ming-Chi Kuo က သူ႔ကို ၃၉၉ ေဒၚလာေလာက္နဲ႔ ေရာင္းႏိုင္တယ္လို႔ ေျပာပါတယ္။ တန္ဖိုးခ်ိဳတဲ့ iPhone ျဖစ္ၿပီး ျမန္မာေငြ ၆ သိန္းေလာက္ပဲရွိပါတယ္။

iPhone SE 2 မွာ အရင္မ်ိဳးဆက္ေတြရဲ႕ ကိုယ္ထည္ ဒီဇိုင္းကိုပဲ သံုးထားမယ္လို႔ သတင္းထြက္ေနတဲ့ အတြက္ အံ့အားသင့္စရာေကာင္းပါတယ္။ A13 Chipset , 3GB RAM ေတြ ထည့္သြင္းထားႏုိင္ၿပီး 64GB/128GB Storage ေတြ ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ iPhone 8 ကို အေျခခံ တည္ေဆာက္ထားမွာ ျဖစ္ၿပီး မူလ iPhone SE ထက္ ေကြးညႊတ္တဲ့ ဒီဇိုင္း ျဖစ္လာမွာပါ။ Kuo က Sliver, Red နဲ႔ Space Gray အေရာင္ေတြ ထုတ္ထားမယ္လို႔ ေျပာထားပါတယ္။

iPhone SE 2 ဟာ iPhone 8 ကို အေျခခံ တည္ေဆာက္ထားမွာ ျဖစ္ေပမယ့္ 3D Touch အစား Haptic Touch ကို အစားထိုးထားမွာ ျဖစ္ပါတယ္။ iPhone 8 ရဲ႕ 64GB ဟာ ၄၄၉ ေဒၚလာျဖစ္ၿပီး iPhone SE 2 မွာ ေဒၚလာ ၅၀ ေလာက္သက္သာေအာင္ ျပဳလုပ္ထားမွာ ျဖစ္ပါတယ္။ iPhone SE Series ေတြဟာ တန္ဖိုးနည္း စမတ္ဖုန္း ႏွစ္သက္သူေတြ Apple ပလက္ေဖာင္းကို ေျပာင္းလာေအာင္ အဓိက စြဲေဆာင္ဖို႔ ျဖစ္ပါတယ္။

ႏွစ္တုိင္း စြမ္းရည္ျမင့္ iPhone ေတြရဲ႕ ေစ်းက ျမင့္မားလာတဲ့အတြက္ တန္ဖိုးနည္း ဖုန္းေတြနဲ႔ သံုးစြဲသူေတြကို စြဲေဆာင္ဖို႔ ဆိုတာ Apple အတြက္ အရမ္းကို အေရးႀကီးပါတယ္။

Ref : gizmochina

%d bloggers like this: