Black Shark 2 Pro အတွက် Orange Blast Color ထွက်ရှိ

[Unicode]

Xiaomi က Black Shark 2 Pro အတွက် အရောင်အသစ် တစ်မျိုး ထုတ်လုပ်ပေးလိုက်ပါတယ်။ လိမ္မော်ရောင် ဖြစ်ပြီး အနောက်ဘက် လိုင်းကြောင်း နှစ်ခုက အနက်ရောင် ဖြစ်ပါတယ်။ အဲဒီအရောင်အတွက် 12GB RAM နဲ့ 256GB Storage ထည့်ထားပါတယ်။ Android 10 အခြေပြု JoyUI 11 အသစ် ပါလာပါတယ်။ ၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး ဒီလ ၁၈ ရက်နေ့မှာ စရောင်းမှာပါ။

မူလက Shadow Black, Iceberg Grey နဲ့ Gulf Blue အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ သူဟာ မေလမှာ ကြေညာခဲ့တဲ့ Black Shark 2 ရဲ့ Pro Model ဖြစ်ပါတယ်။ Pro Model မှာ တိုးတက်မှု အနည်းငယ် ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 855+ နဲ့ UFS 3.0 Storage တွေ ပါလာပါတယ်။ အနောက်ဘက်မှာ RGB Lights အပို နှစ်ခု ပါလာပြီး ဒီဇိုင်းကို အနည်းငယ် ဆန်းသစ်ထားပါတယ်။

Black Shark 2 Pro မှာ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ Black Shark က Touch Latency ကို လျှော့ချထားပြီး Black Shark 2 ရဲ့ 43.5ms ကနေ Pro မှာ 34.7ms အထိ လျှော့ချထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ နောက်ဆုံးထုတ် Snapdragon 855+ , 12GB RAM တွေ ပါပါတယ်။ 128 or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ပိုမြန်တဲ့ UFS 3.0 ပါပါတယ်။

Black Shark 2 Pro မှာ အပူချိန်ကို လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ 48MP+12MP Dual Cameras တွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ပါ။ ဘက်ထရီက 4000mAh ဖြစ်ပြီး 27W Fast-charging ပါပါတယ်။

Ref : gsmarena

[Zawgyi]

Black Shark 2 Pro အတြက္ Orange Blast Color ထြက္ရွိ

Xiaomi က Black Shark 2 Pro အတြက္ အေရာင္အသစ္ တစ္မ်ိဳး ထုတ္လုပ္ေပးလိုက္ပါတယ္။ လိေမၼာ္ေရာင္ ျဖစ္ၿပီး အေနာက္ဘက္ လိုင္းေၾကာင္း ႏွစ္ခုက အနက္ေရာင္ ျဖစ္ပါတယ္။ အဲဒီအေရာင္အတြက္ 12GB RAM နဲ႔ 256GB Storage ထည့္ထားပါတယ္။ Android 10 အေျချပဳ JoyUI 11 အသစ္ ပါလာပါတယ္။ ၂,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ဒီလ ၁၈ ရက္ေန႔မွာ စေရာင္းမွာပါ။

မူလက Shadow Black, Iceberg Grey နဲ႔ Gulf Blue အေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ သူဟာ ေမလမွာ ေၾကညာခဲ့တဲ့ Black Shark 2 ရဲ႕ Pro Model ျဖစ္ပါတယ္။ Pro Model မွာ တိုးတက္မႈ အနည္းငယ္ ပါလာပါတယ္။ ေနာက္ဆုံးထုတ္ Snapdragon 855+ နဲ႔ UFS 3.0 Storage ေတြ ပါလာပါတယ္။ အေနာက္ဘက္မွာ RGB Lights အပို ႏွစ္ခု ပါလာၿပီး ဒီဇိုင္းကို အနည္းငယ္ ဆန္းသစ္ထားပါတယ္။

Black Shark 2 Pro မွာ ၆.၃၉ လက္မ FHD+ AMOLED Display ပါပါတယ္။ Black Shark က Touch Latency ကို ေလွ်ာ့ခ်ထားၿပီး Black Shark 2 ရဲ႕ 43.5ms ကေန Pro မွာ 34.7ms အထိ ေလွ်ာ့ခ်ထားတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။ ေနာက္ဆုံးထုတ္ Snapdragon 855+ , 12GB RAM ေတြ ပါပါတယ္။ 128 or 256GB Storage ေတြ ေ႐ြးခ်ယ္ႏိုင္ၿပီး ပိုျမန္တဲ့ UFS 3.0 ပါပါတယ္။

Black Shark 2 Pro မွာ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling 3.0 ကို အဆင့္ျမႇင့္ထားပါတယ္။ အေနာက္ဘက္မွာ 48MP+12MP Dual Cameras ေတြ ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 20MP ပါ။ ဘက္ထရီက 4000mAh ျဖစ္ၿပီး 27W Fast-charging ပါပါတယ္။

Ref : gsmarena

%d bloggers like this: