90Hz OLED Display တွေပါလာတဲ့ Google Pixel 4 နဲ့ Pixel 4 XL ကို ကြေညာပြီ

[Unicode]

သတင်းတွေများစွာ ထွက်နေတဲ့ Google ရဲ့ အလန်းစား စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်တဲ့ Pixel 4 နဲ့ Pixel 4 XL ကို ကြေညာလိုက်ပါပြီ။ Pixel 4 မှာ ၅.၇ လက်မ FHD+ OLED Display နဲ့ Pixel 4 XL မှာ ၆.၃ လက်မ QHD+ OLED Display တွေ တပ်ဆင်ထားပါတယ်။ ၂ ခုစလုံးဟာ 90Hz Refresh Rate ဖြစ်ပါတယ်။ Plus မဟုတ်တဲ့ Snapdragon 855 မောင်းနှင်ထားပါတယ်။ Android 10 ထည့်ထားပြီး ၃ နှစ်အထိ Android Updates နဲ့ Security Updates တွေ ရရှိမှာပါ။ Google ကိုယ်တိုင်ထုတ်ထားတဲ့ Titan M Security Chip ပါပါတယ်။

အနောက်ဘက်မှာ 12.2MP Camera နဲ့အတူ Super Res Zoom Feature အတွက် 16MP Telephoto Lens တွေ ထည့်ထားပါတယ်။ Night Sight က ညအချိန် ကောင်းကင်က ကြယ်တွေ၊ နဂါးငွေ့တန်းတွေကို အလန်းဆုံး ရိုက်ကူးပေးနိုင်ပါတယ်။ ဓါတ်ပုံတွေရဲ့ အလင်းရောင်နဲ့ အသေးစိတ်တွေကို ပြုပြင်နိုင်ပါတယ်။ Live HDR+ က ဓါတ်ပုံ အရည်အသွေးကို အချိန်နဲ့တစ်ပြေးညီ လေ့လာနိုင်စေပါတယ်။ Google Assistant ရဲ့ စွမ်းရည်ကပိုလန်းလာပြီး App တွေကို လျှင်မြန်စွာ ဖွင့်ခြင်း၊ ဖုန်းမှာ ရှာဖွေခြင်းနဲ့ စကရင်က အရာတွေကို မျှဝေခြင်းတွေ လုပ်နိုင်ပါတယ်။

Motion Sense လုပ်ဆောင်ချက် အသစ်က သင့် ဖုန်း ပတ်ဝန်းကျင်မှ လှုပ်ရှားမှုတွေကို အာရုံခံနိုင်ပါတယ်။ သင် ဖုန်းကိုကိုင်တော့မှာကို သူက သိနားလည်ပြီး Face Unlock ကို ဖွင့်ပေးမှာပါ။ ဖုန်းနားမှာ သင် မရှိတော့ရင် ဖုန်း စကရင်ကို ပိတ်ပေးပါတယ်။ Quick Gestures က သီချင်းတွေ ကျော်ခြင်း၊ Alarms ပိတ်ခြင်း၊ ဖုန်းကို Silence လုပ်ခြင်းတွေ ပြုလုပ်ရင် မိုက်ပါတယ်။ IP68 စံနှုန်းပါပါတယ်။

Google Pixel 4 and Pixel 4 XL specifications

• Pixel 4 – 5.7-inch (2280 x 1080 pixels) FHD+ OLED 19:9display, 444 PPI, HDR support, Corning Gorilla Glass 5 protection
• Pixel 4 XL – 6.3-inch (2960 x 1440 pixels) Quad HD+ OLED 19:9 display, 537 PPI, HDR support, Corning Gorilla Glass 5 protection
• Octa-Core Qualcomm Snapdragon 855 7nm Mobile Platform (Max 2.84GHz + 2.42Ghz + 1.8GHz) with Adreno 640 GPU
• 6GB DDR4X RAM, 64GB / 128GB storage
• Android 9.0 (Pie)
• Dual SIM (nano + eSIM)
• 12.2MP rear camera with LED flash, 1.4μm pixel size, ƒ/1.7 aperture, 77° FOV, Dual PD auto focus, OIS, EIS, 16 MP Telephoto lens, 1μm pixel size, f/2.4 aperture, Spectral + flicker sensor, 4K video recording at up to 30 fps, 720p at up to 240 fps
• 8MP auto focus front camera with 1.22μm pixel size, f/2.0 aperture, 90° FOV, 1080p 30fos video recording
• Active Edge
• Water and dust Resistant (IP68)
• Stereo speakers, 3 microphones
• Pixel 4 Dimensions: 147.1 x 68.8 x 8.2mm; Weight: 162g
• Pixel 4 XL Dimensions: 160.4 x 75.1 x 8.2mm; Weight: 193g
• 4G VoLTE, WiFi 802.11ac 2x2MIMO (2.4/5 GHz), Bluetooth 5 LE, GPS, USB Type-C Gen 1 , NFC
• Pixel 4– 2800mAh (Pixel 4) / 3700mAh (Pixel 4 XL) battery with 18W fast charging, Qi wireless charging

Black , Clearly White နဲ့ Limited Editio Oh So Orange Colors တွေ ထုတ်ထားပါတယ်။ Pixel 4 ရဲ့ 64GB နဲ့ 128GB Storage တွေကို ၇၉၉ ဒေါ်လာနဲ့ ၈၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ 4 XL အတွက် ၈၉၉ ဒေါ်လာနဲ့ ၉၉၉ ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။ ဒီလ ၂၄ ရက်မှာ ရောင်းမှာပါ။

Ref : fonearena

[Zawgyi]

90Hz OLED Display ေတြပါလာတဲ့ Google Pixel 4 နဲ႔ Pixel 4 XL ကို ေၾကညာၿပီ

သတင္းေတြမ်ားစြာ ထြက္ေနတဲ့ Google ရဲ႕ အလန္းစား စြမ္းရည္ျမင့္ ဖုန္းေတြ ျဖစ္တဲ့ Pixel 4 နဲ႔ Pixel 4 XL ကို ေၾကညာလိုက္ပါၿပီ။ Pixel 4 မွာ ၅.၇ လက္မ FHD+ OLED Display နဲ႔ Pixel 4 XL မွာ ၆.၃ လက္မ QHD+ OLED Display ေတြ တပ္ဆင္ထားပါတယ္။ ၂ ခုစလံုးဟာ 90Hz Refresh Rate ျဖစ္ပါတယ္။ Plus မဟုတ္တဲ့ Snapdragon 855 ေမာင္းႏွင္ထားပါတယ္။ Android 10 ထည့္ထားၿပီး ၃ ႏွစ္အထိ Android Updates နဲ႔ Security Updates ေတြ ရရွိမွာပါ။ Google ကိုယ္တိုင္ထုတ္ထားတဲ့ Titan M Security Chip ပါပါတယ္။

အေနာက္ဘက္မွာ 12.2MP Camera နဲ႔အတူ Super Res Zoom Feature အတြက္ 16MP Telephoto Lens ေတြ ထည့္ထားပါတယ္။ Night Sight က ညအခ်ိန္ ေကာင္းကင္က ၾကယ္ေတြ၊ နဂါးေငြ႔တန္းေတြကို အလန္းဆံုး ရိုက္ကူးေပးႏုိင္ပါတယ္။ ဓါတ္ပံုေတြရဲ႕ အလင္းေရာင္နဲ႔ အေသးစိတ္ေတြကို ျပဳျပင္ႏိုင္ပါတယ္။ Live HDR+ က ဓါတ္ပံု အရည္အေသြးကို အခ်ိန္နဲ႔တစ္ေျပးညီ ေလ့လာႏုိင္ေစပါတယ္။ Google Assistant ရဲ႕ စြမ္းရည္ကပိုလန္းလာၿပီး App ေတြကို လွ်င္ျမန္စြာ ဖြင့္ျခင္း၊ ဖုန္းမွာ ရွာေဖြျခင္းနဲ႔ စကရင္က အရာေတြကို မွ်ေ၀ျခင္းေတြ လုပ္ႏုိင္ပါတယ္။

Motion Sense လုပ္ေဆာင္ခ်က္ အသစ္က သင့္ ဖုန္း ပတ္၀န္းက်င္မွ လႈပ္ရွားမႈေတြကို အာရံုခံႏုိင္ပါတယ္။ သင္ ဖုန္းကိုကိုင္ေတာ့မွာကို သူက သိနားလည္ၿပီး Face Unlock ကို ဖြင့္ေပးမွာပါ။ ဖုန္းနားမွာ သင္ မရွိေတာ့ရင္ ဖုန္း စကရင္ကို ပိတ္ေပးပါတယ္။ Quick Gestures က သီခ်င္းေတြ ေက်ာ္ျခင္း၊ Alarms ပိတ္ျခင္း၊ ဖုန္းကို Silence လုပ္ျခင္းေတြ ျပဳလုပ္ရင္ မိုက္ပါတယ္။ IP68 စံႏႈန္းပါပါတယ္။

Google Pixel 4 and Pixel 4 XL specifications

• Pixel 4 – 5.7-inch (2280 x 1080 pixels) FHD+ OLED 19:9display, 444 PPI, HDR support, Corning Gorilla Glass 5 protection
• Pixel 4 XL – 6.3-inch (2960 x 1440 pixels) Quad HD+ OLED 19:9 display, 537 PPI, HDR support, Corning Gorilla Glass 5 protection
• Octa-Core Qualcomm Snapdragon 855 7nm Mobile Platform (Max 2.84GHz + 2.42Ghz + 1.8GHz) with Adreno 640 GPU
• 6GB DDR4X RAM, 64GB / 128GB storage
• Android 9.0 (Pie)
• Dual SIM (nano + eSIM)
• 12.2MP rear camera with LED flash, 1.4μm pixel size, ƒ/1.7 aperture, 77° FOV, Dual PD auto focus, OIS, EIS, 16 MP Telephoto lens, 1μm pixel size, f/2.4 aperture, Spectral + flicker sensor, 4K video recording at up to 30 fps, 720p at up to 240 fps
• 8MP auto focus front camera with 1.22μm pixel size, f/2.0 aperture, 90° FOV, 1080p 30fos video recording
• Active Edge
• Water and dust Resistant (IP68)
• Stereo speakers, 3 microphones
• Pixel 4 Dimensions: 147.1 x 68.8 x 8.2mm; Weight: 162g
• Pixel 4 XL Dimensions: 160.4 x 75.1 x 8.2mm; Weight: 193g
• 4G VoLTE, WiFi 802.11ac 2x2MIMO (2.4/5 GHz), Bluetooth 5 LE, GPS, USB Type-C Gen 1 , NFC
• Pixel 4– 2800mAh (Pixel 4) / 3700mAh (Pixel 4 XL) battery with 18W fast charging, Qi wireless charging

Black , Clearly White နဲ႔ Limited Editio Oh So Orange Colors ေတြ ထုတ္ထားပါတယ္။ Pixel 4 ရဲ႕ 64GB နဲ႔ 128GB Storage ေတြကို ၇၉၉ ေဒၚလာနဲ႔ ၈၉၉ ေဒၚလာ အသီးသီး သတ္မွတ္ထားပါတယ္။ 4 XL အတြက္ ၈၉၉ ေဒၚလာနဲ႔ ၉၉၉ ေဒၚလာ အသီးသီး က်သင့္ပါတယ္။ ဒီလ ၂၄ ရက္မွာ ေရာင္းမွာပါ။

Ref : fonearena

%d bloggers like this: