အနုပညာရှင်များစွာ၏လက်တွဲပူးပေါင်းမှုနှင့်အတူ realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ရက်တွင် Lotte Hotel ၌ ကျင်းပပြုလုပ်သွားမည်

Realme Myanmar ကကျင်းပပြုလုပ်မည့် realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်မိတ်ဆက်ပွဲအခမ်းအနားကို လာမည့် အောက်တိုဘာလ ၁၇ရက်၊ Lotte Hotel Yangon တွင် ထပ်ဆင့်အကယ်ဒမီများဆုရှင် သက်မွန်မြင့်၊ ပြည်သူချစ် MRTV4 series အနုပညာရှင်များဖြစ်ကြသည့် ကောင်းမြတ်စံ၊ ခြူးလေးတို့နှင့်အတူ Portrait Photographer Mr.Haw တို့က လက်တွဲပူးပေါင်းတက်ရောက်သွားကြမည်ဖြစ်သည်။ ယခုမိတ်ဆက်ပွဲအခမ်းအနားကို realme Facebook Page နှင့်အတူ Partner Media များဖြစ်ကြသည့် Myanmar Celebrity TV, Sunday Journal, Mahar, Duwun, MyStyle Myanmar, DigitalTimes.com.mm, Akhayar – Tech, Momolay.com, Myanmarload, NetGuide Journal, Popular Journal နှင့် PannPwint တို့တွင် တိုက်ရိုက် Live အဖြစ်ပါထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်များတွင် စမတ်ဖုန်းကင်မရာအသုံးပြုကို ပိုမိုအဆင့်မြင့်မားစွာအသုံးပြုနိုင်စေရန်အတွက် နောက်ကင်မရာလေးလုံး အထိထည့်သွင်းပေးထားသည့် realme ၏ ပထမဆုံးထုတ်ကုန်အမျိုးအစားများလည်းဖြစ်ပြီး ထူးခြားဆန်းသစ်သည့် စမတ်ဖုန်းထိတွေ့မှုအတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ Leap To Quad Camera ဆောင်ပုဒ်အတိုင်း realme 5 Pro တွင် 48MP နောက်ဘက်ပင်မကင်မရာနဲ့အတူ Wide-Angle Lens, Portrait Lens နှင့် Ultra Macro Lens တို့ကို စိတ်တိုင်းကျထိတွေ့ခွင့်ရရှိစေမည်ဖြစ်ပြီး realme 5 တွင်လည်း 12MP ပင်မကင်မရာနှင့်အတူ အခြားသော ကင်မရာအရည်အသွေးကောင်းများကို realem 5 Pro အတိုင်းရရှိစေရန်ထည့်သွင်းပေးထားသည်။ realme 5 တွင် 6.5-inch HD မျက်နှာပြင်နှင့်အတူ စွမ်းဆောင်ရည်ပိုမိုခံစေမည့် 5000 mAh battery အမျိုးအစားကိုပါ အသုံးပြုပေးထားသည်။ realme 5 နှင့် realme 5 Pro တို့၏ ဈေးနှုန်းများကိုလည်း ယခုမိတ်ဆက်ပွဲတွင် တစ်ပါတည်းကြေညာပေးသွားမည်ဖြစ်ပြီး Livestream မှတစ်ဆင့်ကြည့်ရှုသူများအတွက်လည်း realme 5 Pro တစ်လုံးကို Lucky Draw အဖြစ်ပါချီးမြှင့်ပေးသွားမည်ဖြစ်သည်။

#realmeMyanmar

%d bloggers like this: